
Posted on





Credit;

သူသဘောကျတဲ့မင်းသမီးလေး အိမ်ရှေ့မှာရိုက်ကူးရေးလာလုပ်နေလို့ ပျော်ရွှင်ကြည်နူးကာ ဓာတ်ပုံရိုက်တင်လာတဲ့ မင်းသားကြီးရာဇာနေဝင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ တခေတ်တခါ အနုပညာလောကမှာ ရာဇာနေဝင်း တခေတ်ရယ်လို့ ထူထောင်နိုင် ခဲ့ပြီး နယ်ရော မြို့ပါမကျန် ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင် ထိပ်တန်းမင်းသားကြီး ရာဇာနေဝင်းကိုတော့ မသိသူ မရှိသလောက်ပါပဲနော်။ ရာဇာနေဝင်းဟာဆိုရင် ထူးခြားဆန်းသစ်လွန်းလှတဲ့ ကိုယ်ပိုင်စတိုင်လ် ကိုယ်ပိုင်ဟန်တွေနဲ့ အနုပညာလောကထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး သဘာဝကျလွန်းသော သရုပ်ဆောင်မှုနဲ့ ပြောဟန်ဆိုဟန် အကြည့်တွေကြောင့် ပရိသတ်နှစ်ခြိုက်မှုကို အထူးပင် ရရှိခဲ့သူ ဖြစ်ပါတယ်နော်။

စကားပြော ပွင့်လင်းရိုးသား လွန်းသော မင်းသားကြီး ရာဇာနေဝင်း ကတော့ ဒီနေ့ခေတ်စတိုင်လ် အနေအထားနဲ့ ခေတ်နောက်ကျ ကျန်မနေခဲ့ဘဲ ခေတ်မှီဆန်းသစ်ဆဲ ဖြစ်တာကို တွေ့ရပြီး အခုရက်ပိုင်းမှာလည်း ရာဇာနေဝင်းက သူ့ရဲ့အိမ်ရှေ့မှာ ရိုက်ကူးရေးတစ်ခု လာလုပ်တာကို တွေ့မြင်မိသမျှ ကြည့်မိရာမှာ သူအရမ်းနှစ်သက်ရသော မင်းသမီး ပါဝင်သော ရိုက်ကူးရေးဖြစ်နေ တာ​ကို တွေ့မြင် ရသဖြင့် “အရမ်းချစ်ရတဲ့ မင်းသမီး၊ ကိုယ်ဟာ သူ့ရဲ့ အမာခံဖန်ပါ”ဆိုပြီး ရေးသားကာ သူကြိုက်နှစ်သက်ရသော မင်းသမီးလေးရဲ့ ရိုက်ကူးရေးပုံရိပ်လေးတွေကို အမှတ်တရအနေနဲ့ တင်လာခဲ့တာပါ။

ရာဇာ နေဝင်းက “My home ရှေ့ movie လာshootနေသော မင်းသမီးချော အိချောပိုနှင့် အဖွဲ့! oh yea I love her so much I m a big fan of her “ဆိုပြီး ရေးသားကာ တင်လာခဲ့တာပဲ ဖြစ်ပါတယ် နော်။ ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် မင်းသားကြီးရာဇာနေဝင်း ကတော့ သူ အားပေးနှစ်သက်ရသော သူ့ရဲ့အသည်းကျော် မင်းသမီးလေးက အိချောပို ဖြစ်ကြောင်း ပွင့်လင်းမြင်သာစွာ ထုတ်ဖော် ပြောလာတာပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးတို့ ထဲမှာကော ကိုရာဇာကြီးနဲ့ အကြိုက်တူတဲ့ သူတွေ ရှိကြပြီး မင်းသမီးချောအိချောပိုရဲ့ ဖန်တွေ ပါကြလား မှတ်ချက်လေးတွေ ရေးသားကာ ပြောပေးခဲ့ကြပါအုံးနော်။

Credit;