ဂျာမနီရုပ်ရှင်ပွဲတော် တွင် ​အကောင်းဆုံးရုပ်ရှင်သရုပ်ဆောင်ထူးချွန်ဆုအား အိန္ဒြာကျော်ဇင်မှ ဆွတ်ခူးရရှိ

Posted on

စက်တင်ဘာလ ၁၅ ရက်နေ့ကနေ့ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ ဂျာမနီနိုင်ငံ Oldenburg International Film Festival (အိုဒင်ဘက်ဂ် အင်တာနက်ရှင်နယ် ဖင်လ် ဖက်စတေဗယ်) ရုပ်ရှင်ပွဲတော်မှာ မြန်မာသရုပ်ဆောင် အိန္ဒြာကျော်ဇင်က (Seymour Cassel Award for Outstanding Performance) သရုပ်ဆောင်ထူးချွန်ဆုကို ရရှိခဲ့ပါတယ်။

မြန်မာသရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ What happened to the wolf ကိုပြသခဲ့တာဖြစ်ပြီး သူတို့ နှစ်ဦးစလုံးဟာ ရုပ်ရှင်ပွဲတော်ရဲ့ (Seymour Cassel Award for Outstanding Performance) သရုပ်ဆောင် ထူးချွန်ဆုတစ်ခုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တာပါ။

“သရုပ်ဆောင်ဆိုတာ တန်ပြန်သရုပ်ဆောင်ခြင်းပါပဲ။ ဒါကြောင့် ဒီပိတ်ကားပေါ်က နှစ်ယောက်ရဲ့ Performances ကိုခွဲခြားဖို့ မဖြစ်နိုင်လောက်တဲ့ထိပါပဲ။ ဒီအဓိက သရုပ်ဆာင် နှစ်ယောက်ဟာ ကျွန်မတို့ (ကြည့်ရှုသူ ပရိသတ်) ကို ရှုပ်ထွေးဆန်းပြားလှတဲ့ ဘဝရဲ့ ဖြစ်တည်ခြင်းဆီကို ခရီးတစ်ခု အဖြစ် ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။

ဏကြီးရဲ့ “what happened to the wolf?” ပါဝင်တဲ့ အဓိက သရုပ်ဆောင်နှစ် ယောက်စလုံးဟာ မြန်မာနိုင်ငံမှ အကယ်ဒမီ ဆုရှင်တွေဖြစ်ပြီး ကျွန်မတို့ (ကြည့်ရှုသူ ပရိတ်) ကို မှင်သက်ငေးမော၊ အသက်ရှုမှားစေအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ နှစ်ယောက်၊ ကံကြမ္မာက တစ်ခုတည်း။

တစ်ယောက်က မထီတရီ၊ တစ်ယောက်က ရှေးဆန်းဆန်းနဲ့ ချည်းကပ်ကြရာမှာ ပါးနပ်မှု၊ ရိုးရှင်းမှု၊ အနုပညာစံပြည့်ဝမှုတို့နဲ့ သရုပ်ဆောင်ထားပြီး အခြားလူတွေကိုပါ သူတို့ရဲ့လွတ်လပ်မှုအရသာကို ခံစားစေနိုင်စွမ်းပေးခဲ့ပါတယ်။ ကျမတို့ဟာ ဒီသရုပ်ဆောင်ရဲ့ရိုးရှင်းလှပမှု၊ ပင်ကိုယ်စိတ်ထား၊ တန်ဖိူးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ 2021 Seymour Cassel Award for Outsanding Performance ကို ဏကြီးရဲ့ “what happened to the wolf?” ရုပ်ရှင်မှ အိန္ဒြာကျော်ဇင်အား ချီးမြှင့်လိုက်ပါတယ်။”လို့ Advisory Board Jury Member, and Award-winning actress, Deborah Kara Unger (Crash, The Game) က ကြေညာချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။

Zawgyi Version

စက္တင္ဘာလ ၁၅ ရက္ေန႔ကေန႔ ၁၉ ရက္ေန႔အထိ က်င္းပျပဳလုပ္ေနတဲ့ ဂ်ာမနီနိုင္ငံ Oldenburg International Film Festival (အိုဒင္ဘက္ဂ္ အင္တာနက္ရွင္နယ္ ဖင္လ္ ဖက္စေတဗယ္) ႐ုပ္ရွင္ပြဲေတာ္မွာ ျမန္မာသ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္က (Seymour Cassel Award for Outstanding Performance) သ႐ုပ္ေဆာင္ထူးခၽြန္ဆုကို ရရွိခဲ့ပါတယ္။

ျမန္မာသ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္နဲ႔ ပိုင္ၿဖိဳးသုတို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ What happened to the wolf ကိုျပသခဲ့တာျဖစ္ၿပီး သူတို႔ ႏွစ္ဦးစလုံးဟာ ႐ုပ္ရွင္ပြဲေတာ္ရဲ့ (Seymour Cassel Award for Outstanding Performance) သ႐ုပ္ေဆာင္ ထူးခၽြန္ဆုတစ္ခုအတြက္ ဆန္ကာတင္စာရင္းမွာ ပါဝင္ခဲ့တာပါ။

“သ႐ုပ္ေဆာင္ဆိုတာ တန္ျပန္သ႐ုပ္ေဆာင္ျခင္းပါပဲ။ ဒါေၾကာင့္ ဒီပိတ္ကားေပၚက ႏွစ္ေယာက္ရဲ့ Performances ကိုခြဲျခားဖို႔ မျဖစ္နိုင္ေလာက္တဲ့ထိပါပဲ။ ဒီအဓိက သ႐ုပ္ဆာင္ ႏွစ္ေယာက္ဟာ ကၽြန္မတို႔ (ၾကည့္ရႈသူ ပရိသတ္) ကို ရႈပ္ေထြးဆန္းျပားလွတဲ့ ဘဝရဲ့ ျဖစ္တည္ျခင္းဆီကို ခရီးတစ္ခု အျဖစ္ ေခၚေဆာင္သြားနိုင္ခဲ့ပါတယ္။

ဏႀကီးရဲ့ “what happened to the wolf?” ပါဝင္တဲ့ အဓိက သ႐ုပ္ေဆာင္ႏွစ္ ေယာက္စလုံးဟာ ျမန္မာနိုင္ငံမွ အကယ္ဒမီ ဆုရွင္ေတြျဖစ္ၿပီး ကၽြန္မတို႔ (ၾကည့္ရႈသူ ပရိတ္) ကို မွင္သက္ေငးေမာ၊ အသက္ရႈမွားေစေအာင္ သ႐ုပ္ေဆာင္နိုင္ခဲ့ပါတယ္။ ႏွစ္ေယာက္၊ ကံၾကမၼာက တစ္ခုတည္း။

တစ္ေယာက္က မထီတရီ၊ တစ္ေယာက္က ေရွးဆန္းဆန္းနဲ႔ ခ်ည္းကပ္ၾကရာမွာ ပါးနပ္မႈ၊ ရိုးရွင္းမႈ၊ အႏုပညာစံျပည့္ဝမႈတို႔နဲ႔ သ႐ုပ္ေဆာင္ထားၿပီး အျခားလူေတြကိုပါ သူတို႔ရဲ့လြတ္လပ္မႈအရသာကို ခံစားေစနိုင္စြမ္းေပးခဲ့ပါတယ္။ က်မတို႔ဟာ ဒီသ႐ုပ္ေဆာင္ရဲ့ရိုးရွင္းလွပမႈ၊ ပင္ကိုယ္စိတ္ထား၊ တန္ဖိူးျဖတ္မရတဲ့ ႐ုပ္ရွင္ေလာကအတြက္ သူမရဲ့ ပါရမီကို အသိအမွတ္ျပဳတဲ့အေနနဲ႔ 2021 Seymour Cassel Award for Outsanding Performance ကို ဏႀကီးရဲ့ “what happened to the wolf?” ႐ုပ္ရွင္မွ အိျႏၵာေက်ာ္ဇင္အား ခ်ီးျမႇင့္လိုက္ပါတယ္။”လို႔ Advisory Board Jury Member, and Award-winning actress, Deborah Kara Unger (Crash, The Game) က ေၾကညာခ်ီးျမႇင့္ခဲ့တာပဲျဖစ္ပါတယ္။