း
Credit;
30နဲ့13နဲ့ မပီသဘဲ ခေါ်လို့roleကျသွားတယ်လို့ပြောတဲ့အလှမယ်ဧကရီထွန်းကိုပြန်တောင်းပန်စရာမလိုဘူးလို့ပြတ်သားစွာပြောလိုက်တဲ့ MC Rဝါလင်း
ပရိတ်သတ်ကြီးရေ 2023ရဲ့ Miss Grand Yangonပြိုင်ပွဲကြီးကို ကျင်းပနေတာ ဖြစ်ပြီး Rဝါလင်းက အစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ယူဆောင်ရွက်ပြီး အစီအစဉ်ကြေညာ ရာမှာ Englishလို သာ ပြောခဲ့ပါတယ်။
သူကတော့ 13နဲ့ 30ကို သေချာကွဲပြားအောင် မပြောခဲ့ပဲ သူ့ရဲ့ အသံ ဗိုလ်သံပေါက်ဖို့ တစ်ခုသာ ကြိုးစားခဲ့ တာကြောင့် no (30)အလှမယ် ဧကရီထွန်းက no (13)အလှမယ်အစား မှားပြီး ရှေ့ထွက်ခဲ့ပါတယ်။ no (13)အလှမယ်ကလဲ သူမကို ခေါ်ခဲ့တယ် လို့ ထင်ပုံမရခဲ့ပါဘူး။နောက်မှ MCက no (13)ကို ခေါ်ခဲ့တာပါလို့ ပြောလို့ မှားပြီးရှေ့ထွက်ခဲ့တဲ့ အလှမယ် ဧကရီထွန်းက အရှက်ရခဲ့ ရပါတယ်။
ထိုကိစ္စနဲ့ ပတ်သတ်ပြီး အလှမယ် ဧကရီထွန်းက”နံပါတ် အော်တာ မပီသတော့ ညီမကိုယ်တိုင် နစ်နာရ တာပေါ့။ 30 နဲ့ 13နဲ့ မပီသဘဲ ခေါ်တော့ ရှက်လည်းရှက်မိသလို roleနိမ့်သွားသလိုလည်းခံစားမိ တယ်။ဒါနဲ့ပတ်သက်ပြီး စင်ပေါ်မှာဖြစ်ဖြစ် စင်နောက်မှာဖြစ်ဖြစ် တောင်းပန်စကားလေးတော့ပြောသင့်တာပေါ့ နံပါတ်တွေခေါ်ရင် ပီပီသသလေးပြောစေချင်တယ်’ဆိုပြီးMCလုပ်သူRဝါလင်းကို အကြံပေးလိုက်ပါတယ်။
MC Rဝါလင်းကလဲ “13နှင့်30 က ကျွန်တော်အမှန်ခေါ်တဲ့ အတွက် တောင်းပန်ဖို့မလိုအပ်ဘူးလို့ထင်ပါတယ်13နှင့် 30ကို ပီပီသသ ခေါ်လိုက်တာပါ။ညီမလေးက နားကြားလွဲသွားတယ်ထင်ပါ တယ်။တစ်ဦးတစ်ယောက်နှင့် မဟုတ်ဘဲအများနှင့်အလုပ်လုပ်နေ ရတဲ့အတွက် သေချာပိုပြီးဂရုတစိုက်နားထောင်သင့်တယ်လို့ထင် ပါတယ် နားကြားလွဲတာဖြစ်တဲ့အတွက်တောင်းပန်စရာမလိုအပ် ပါဘူး”လို့ ပြောလာပါတယ်။
Credit;