ပရိသတ်ကြီးရေ အဆိုတော် သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာ မလိုအောင် ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်။ နန်းမြတ်ဖြိုးသင်းကတော့ အနုပညာနယ်ပယ်မှာ ပရိသတ် အခိုင်အမာနဲ့ အားပေးမှု ရရှိထားသလို ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးနဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။
လွန်ခဲ့တဲ့ သြဂုတ်လ (၂၁)ရက်နေ့မှာတော့ Covid-19 ရောဂါနဲ့ ချစ်ရသူ ခင်ပွန်းကိုတာတာမျိုးရဲ့ ခွဲခွာမှုကို ရုတ်တရက် ခံစားရပေမယ့် ကလေး နှစ်ယောက်နဲ့ သူမရဲ့ ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်အောင် ကြိုးစားနေရသူပါ။
Covid-19 ရောဂါပိုးကြောင့် သေကွဲကွဲ ခွဲခွာသွားရသူတွေ အများကြီး ရှိခြဲ့့ပီး ပြန်လည် သက်သာလာကြသူတွေလည်း မနည်းပါဘူး .။ဒီကနေ့စက်တင်ဘာလ (၁၅)ရက်နေ့မှာတော့ နန်းမြတ်က သူမရဲ့ ခင်ပွန်းဖြစ်သူအတွက် ဝမ်းနည်းခံစားရမှုတွေကို အခုလိုပဲ “သူများတွေသက် သာလာတာတွေ့ရင်ဝမ်းလည်းသာတယ်။ ယောက်ျားအတွက်စဉ်းစားမိပြီးလည်း ဝမ်းနည်းတယ်။
ငါပြုစုကုသတာဘာတွေများလိုသွားလဲဆိုတဲ့စိတ်ကြီးကအရမ်းနှိပ်စက်တာပဲ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။သူမရဲ့ ပြုစု ကုသမှုတွေမှာ လိုအပ်ချက်ရှိသွားလို့ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခံလိုက်ရတာများလားဆိုတဲ့ သူမကိုယ်သူမ အပြစ်တင်ကာ ဝမ်းနည်းနေသူ နန်းမြတ်ဖြိုးသင်းအတွက် ပရိသတ်ကြီးလည်း အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်။
Source: Nann Myat Phyo Thinn’s Facebook
Credit ; (Cele Active World)
Zawgyi Version
ပရိသတ္ႀကီးေရ အဆိုေတာ္ သ႐ုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္းကိုေတာ့ အထူးအေထြ မိတ္ဆက္ေပးစရာ မလိုေအာင္ ခ်စ္ခင္ရင္းႏွီးၿပီးသား ျဖစ္မယ္ထင္ပါတယ္။ နန္းျမတ္ၿဖိဳးသင္းကေတာ့ အႏုပညာနယ္ပယ္မွာ ပရိသတ္ အခိုင္အမာနဲ႔ အားေပးမႈ ရရွိထားသလို ေပ်ာ္ရႊင္သာယာတဲ့ အိမ္ေထာင္ေရးနဲ႔ မိသားစုဘဝကို ပိုင္ဆိုင္ထားသူပါ။
လြန္ခဲ့တဲ့ ၾသဂုတ္လ (၂၁)ရက္ေန႔မွာေတာ့ Covid-19 ေရာဂါနဲ႔ ခ်စ္ရသူ ခင္ပြန္းကိုတာတာမ်ိဳးရဲ့ ခြဲခြာမႈကို ႐ုတ္တရက္ ခံစားရေပမယ့္ ကေလး ႏွစ္ေယာက္နဲ႔ သူမရဲ့ ဘဝကို အေကာင္းဆုံး ျဖတ္သန္းနိုင္ေအာင္ ႀကိဳးစားေနရသူပါ။
Covid-19 ေရာဂါပိုးေၾကာင့္ ေသကြဲကြဲ ခြဲခြာသြားရသူေတြ အမ်ားႀကီး ရွိျခဲ့့ပီး ျပန္လည္ သက္သာလာၾကသူေတြလည္း မနည္းပါဘူး .။ဒီကေန႔စက္တင္ဘာလ (၁၅)ရက္ေန႔မွာေတာ့ နန္းျမတ္က သူမရဲ့ ခင္ပြန္းျဖစ္သူအတြက္ ဝမ္းနည္းခံစားရမႈေတြကို အခုလိုပဲ “သူမ်ားေတြသက္ သာလာတာေတြ႕ရင္ဝမ္းလည္းသာတယ္။ ေယာက္်ားအတြက္စဥ္းစားမိၿပီးလည္း ဝမ္းနည္းတယ္။
ငါျပဳစုကုသတာဘာေတြမ်ားလိုသြားလဲဆိုတဲ့စိတ္ႀကီးကအရမ္းႏွိပ္စက္တာပဲ” ဆိုၿပီး သူမရဲ့ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္.။သူမရဲ့ ျပဳစု ကုသမႈေတြမွာ လိုအပ္ခ်က္ရွိသြားလို႔ ခင္ပြန္းျဖစ္သူကို ဆုံးရႈံးခံလိုက္ရတာမ်ားလားဆိုတဲ့ သူမကိုယ္သူမ အျပစ္တင္ကာ ဝမ္းနည္းေနသူ နန္းျမတ္ၿဖိဳးသင္းအတြက္ ပရိသတ္ႀကီးလည္း အားေပးစကားေလးေတြ ေျပာေပးခဲ့ပါဦးေနာ္။
Source: Nann Myat Phyo Thinn’s Facebook
Credit ; (Cele Active World)