ကားသစ်နဲ့ သာယာနေတဲ့ သူမ ဘဝလေးကို ပရိသတ်သိအောင် ချပြခဲ့တဲ့ သင်းသင်း

Posted on

အလှမယ်သင်းသင်း လို့ဆိုလိုက်တာနဲ့ ပရိသတ်တွေလည်း ထမင်းကြော်ကို ပြေးမြင်ပြီး သိပြီးသားဖြစ်ကြမှာပါနော်၊ သူမကတော့ မင်းသားဝေဠုကျော်နဲ့ ကတောက်ကဆ ဖြစ်ပြီးနောက်ပိုင်းမှာ‌တော့ ဝေဖန်မှုတစ်ချို့ကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

မကြာခင်ကာလတုန်းကလည်း သင်းသင်းဦးဆောင်တဲ့ ပရိဟိတအဖွဲ့တစ်ခုနဲ့လည်းအဆင်မပြေမှုတွေ ဖြစ်လာခဲ့ပြီး သူမကိုယ်တိုင် စိတ်ညစ်မှုတွေနဲ့အတူ Live လွှင့်ပြီး ဖြေရှင်းလာခဲ့ပါသေးတယ်။

ခုလိုဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအရမှာ့ လူတိုင်းဟာစီးပွားရေးတွေ ကျပ်တည်းကုန်ကြတာ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့်လည်း အောက်ဆီဂျင်လိုအပ်တဲ့နေရာတွေမှာလည်း သင်းသင်းက အောက်ဆီဂျင်တွေ ရှာပေးတဲ့ လုပ်အားဒါနတွေကိုလည်း ပြုလုပ်ခဲ့ ပါသေးတယ်။

နောက်ပိုင်းမှာတော့ သင်းသင်းက သူမရဲ့လှုပ်ရှားမှုလေးတွေကို ဖေ့ဘုတ်စာမျက်နှာမှာ မတင်တော့ဘဲ Tiktok မှာပဲ တင်ပေးနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း သင်းသင်းက သူမရဲ့ ကိုယ်ပိုင်ကားနဲ့ ရိုက်ကူးထားတဲ့ Tiktok လေးကို သူမရဲ့ချစ်ပရိသတ်တွေအတွက် တင်ပေးလာတာ ဖြစ်ပါတယ်။ သင်းသင်းကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ သူမရဲ့ဗီဒီယို အောက်မှာ ကောမန့်တွေနဲ့ ချစ်စကားတွေ ပြောထားကြတာ ဖြစ်ပါတယ်။

Video ကြည့်ရန် >

Source: Thin Thin

Zawgyi Version





Source: Thin Thin