Credit – CeleZone
မွန်အမျိုးသားနေ့မှာ မွန်မလေးတစ်ယောက်လိုလှပနေပြီး အပြတ်သားဆုံးစကားတစ်ခွန်းပြောလိုက်တဲ့ မေပန်းချီ
ပရိသတ်ကြီးရေ မေပန်းချီ ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ ပရိသတ်အချစ်တော်မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ပန်းချီကတော့ ပရိသတ်တွေအားလုံးသိရှိပြီးသားဖြစ်တဲ့အတိုင် မွန်တိုင်းရင်းသူလေးတစ်ယောက်လည်းဖြစ်ပါတယ်။
ပန်းချီကတော့ မနေ့ကသူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မွန်ဝတ်စုံလေးကို ဝတ်ဆင်ထားတဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ပန်းချီကတော့ ဒီဗီဒီယိုလေးနဲ့အတူလည်း “မွန်မတစ်ယောက်ဖြစ်ရတာ ကျေနပ်ပါတယ်” ဆိုပြီး မွန်တိုင်းရင်းသူလေးတစ်ယောက်ဖြစ်ရတာကိုဂုဏ်ယူဝင့်ကြွားကြောင်းလည်း ဖော်ပြထားခဲ့ပါသေးတယ်။
မေပန်းချီကတော့ ဒီဗီဒီယိုလေးကို မွန်အမျိုးသားနေ့အတွက် မွန်တိုင်ရင်းသူဖြစ်တဲ့အတွက် ဂုဏ်ပြုကြိုဆိုခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ မွန်ဝတ်စုံလေးနဲ့ ကျက်သရေရှိနေတဲ့ မွန်မလေး မေပန်းချီရဲ့ ဒီဗီဒီယိုလေးကို မျှဝေဖော်ပြလိုက်ပါတယ်။
Credit – CeleZone