Credit;
ဟန်ပန်အမူအရာနဲ့ တီတီတာတာပြောနေတဲ့ ယေက္ခထီးနဲ့ယောက္ခမဖြစ်သူတို့ရဲ့ဗီဒီယိုလေးကို ပြသလာတဲ့ ခင်လွှမ်း
ပရိသတ်ကြီးရေ သရုပ်ဆောင် ခင်လွှမ်း ကတော့ လက်ရှိမှာ ကြည်နူးစရာကောင်းတဲ့ မိသားစု ဘဝလေးကို ဖန်တီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သူမကတော့ ကလေးအမေတစ်ယောက်ဖြစ်နေပေမယ့်လည်း အနုပညာလှုပ်ရှားမှုတွေကိုတော့ အမြဲလုပ်နေသူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့တာ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေ သိရှိနိုင်စေရန် ဝေမျှပေးတတ်ပါသေးတယ်။
မကြာသေးခင်က ခင်လွှမ်းရဲ့ Tik Tok အကောင့်တွင် ဗီဒီယိုလေး တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ယောက္ခထီးကို တီတီတာတာလေးတွေပြောပြီး ချွဲနေတဲ့ ယောက္ခမဖြစ်သူရဲ့အမူအရာကို ဗီဒီယိုလေးရိုက်ထားပြီး ချစ်မဝဖြစ်နေတာ ဖြစ်ပါတယ်။
ခင်လွှမ်း ကတော့ သူမရဲ့ယောက္ခမတွေကို မိဘအရင်းသဖွယ် ချစ်ခင်နေတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကို ကြည့်ပြီး အားလုံးလည်း ကြည်နူးပျော်ရွှင်စေမှာ အသေအချာပါပဲနော်။ကဲ ပရိသတ်ကြီးလည်း ကြည့်ရှုခံစားနိုင်စေရန်အတွက် ဒီဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။
Credit;