
Posted on





Credit;

သူမရဲ့အိမ်ကို လာတဲ့ဧည့်သည်တစ်ဦးကြောင့် နောက်ဘယ်တော့မှအိမ်ကိုဧည့်သည်မလာဖို့ ပြတ်သားစွာပြောလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်ကတော့ အခုလက်ရှိမှာ ကုန်ပစ္စည်းများ Live Sales ရောင်းချခြင်းဖြင့် အောင်မြင်မှုတွေများစွာရရှိထားတာ ဖြစ်ပါတယ်။အခုလို အောင်မြင်လာတာကြောင့်လည်း အနုပညာအလုပ်တွေကို အပြီးတိုင် အနားယူလိုက်တာ ဖြစ်ပါတယ်။

သူမရဲ့အောင်မြင်မှုကို အားကျနေ သူတွေလည်း ဒုနဲ့ဒေးရှိပါတယ်နော်။နှိုင်းရှင်မြင့်မိုရ် ကတော့ စကားပြောဆို ရာတွင် အမှန်တရားများကိုသာ ဒဲ့တိုးပြောတတ်သူဖြစ်တဲ့အတွက် ဝေဖန်မှုများစွာခံနေရတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း နှိုင်းရှင်မြင့်မိုရ်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ သူမရဲ့ အိမ်သို့ မည်သည့်အကြောင်းအရင်းဖြစ်စေ ဧည့်သည်လုံးဝ လက်မခံတော့ကြောင်း ခပ်ပြတ်ပြတ်ပြောချ လိုက်တာ ဖြစ်ပါတယ်။ ” အိမ်ကို ဘယ်လို ဧည့်သည်မျိုးမှ မလာပါနဲ့နော် လုံးဝလက်ခံပြီး ဧည့်ခံတော့မှာ မဟုတ်ပါ ဧည့်သည်က ဧည့်သည်လိုမနေတဲ့ ဧည့်သည်မျိုးတွေကြောင့် ဘယ်ဧည့်သည်မှ လက်ခံတော့မှာ မဟုတ်ပါဘူး။ ကျွန်မနဲ့တွေ့ချင်ရင် အပြင်ဆိုင်တစ်ခုခုမှာ ချိန်းကြပါ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Credit;