Credit;
စင်တင်တေးဂီတပါ ပါတဲ့ခမ်းနားတဲ့စားသောက်ဆိုင်ကြီးကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ပုံနှင့်တကွပြသလာတဲ့ သရုပ်ဆောင်နိုင်လူ
ပရိသတ်ကြီးရေ လူကြမ်းသရုပ်ဆောင် နိုင်လူကတော့ အကြမ်းအရမ်း ဖိုက်တင်ခန်းတွေနဲ့ ကျရာဇာတ်ရုပ်တိုင်းမှာ ပီပြင်စွာ သရုပ်ဆောင်နိုင်သူမို့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ လူကြမ်း သရုပ်ဆောင် နိုင်လူက အနုပညာလှုပ်ရှားမှု အနေနဲ့ ဇာတ်ကားတွေ ရိုတ်ကူးနေရသလို ကိုယ်ပိုင်စီးပွားရေးကိုလည်း လုပ်ကိုင်နေတာဖြစ်ပါတယ်။နိုင်လူက ကိုယ်ပိုင်စားသောက်ဆိုင်ကြီး ဖွင့်ထားပြီး လာရောက်အားပေးကြဖို့ ပြောလာတာလည်း ဖြစ်ပါတယ်။
နိုင်လူက ဦးနိုင်အခုဖွင့်တဲ့ ဆိုင်က စင်တင်တေးဂီတပါ အများအားဖြင့် အမျိုးသားတွေလာမှာ ပိုများတယ် အဲ့အတွက်ကြောင့် မျက်စိပသာဒလေးလည်းဖြစ်အောင် အရမ်းကြီးလည်းမရိုင်းအောင် အရမ်းလည်းမရိုးအောင် အိုင်ဒီယာလေးနဲ့ဖန်တီးထားပါတယ်ဆိုပြီး ပြောလာတာဖြစ်ပါတယ်။
Credit;