နန္ဒာလှိုင်ရဲ့မောင်နှစ်မတွေကို ပေ (၁၀၀) ပတ်လည် ကျယ်ဝန်းလှတဲ့မြေကွက် တစ်ကွက်စီ အလကားနီးပါး လက်ဆောင်ပေးခဲ့လိုက်တဲ့ ဇေသီဟ
Posted on
ပရိသတ်ကြီးရေ သရုပ်ဆောင် နန္ဒာလှိုင်ဟာ သူဌေးကြီး ဇေသီဟနဲ့ လက်ထပ်ထားပြီး သမီး ၃ ယောက် မွေးထားပါတယ်နော်။
သရုပ်ဆောင် မင်းသမီး နန္ဒာလှိုင်ကတော့ ကျော့ရှင်းပြီး အပြစ်ဆိုစရာမရှိတဲ့ အလှအပကြောင့် နာမည်ကြီးထင်ရှားတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုတွေကို ထိပ်ဆုံးကနေ ဆွတ်ခူးနိုင်ခဲ့တဲ့ နန္ဒာလှိုင်က သူဌေးကြီး ဇေသီဟနဲ့ လက်ထပ်ထားပြီး သမီး ၃ ယောက် မွေးထား ပြီးချိန်မှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး ချစ်ရတဲ့ ခင်ပွန်းနဲ့ သမီးလေးတွေအတွက် အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ် နေထိုင်နေတာပဲ ဖြစ်ပါတယ်။
နန္ဒာလှိုင်ရဲ့ မောင်နှမတွေကို အတူနေစေချင်တဲ့အတွက် ဇေသီဟမှ ပေ (၁၀၀) ပတ်လည် ကျယ်ဝန်းတဲ့ မြေကွက်တွေကို အလကားနီးပါးရတဲ့ဈေးနဲ့ ရောင်းပေးနေတာပါနော်။ ” 29.8.21 Family Gathering အိပ်ပုတ် တဲ့သူနဲ့ နယ်ရောက်နေတဲ့သူတော့မပါလိုက်ရဘူးမိသားစုတွေ စုပြီး ရှေ့ရေးနောက်ရေးတိုင်ပင်ကြတော့ကျမ ကိုစိတ်မချတဲ့မနန္ဒာ က မျက်စိအောက်မှာပဲအတူတူနေရအောင်ဆိုပြီး သူတို့မိသားစုနေမယ့်အိမ်လေးရဲ့အရှေ့Royal မင်္ဂလာဒုံဥယျာဉ်မြို့တော်ဂေါက်ကွင်းအိမ်ရာ မှာမြေ ၅ ကွက်ဝယ်ပြီးမောင်နှမ ၅ယောက်လုံးကိုပေ ၁ဝဝပတ်လည်မြေကွက် တယောက် တကွက်စီ ပေးပြီး အသက်ကြီးလာရင် တူတူနေကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ခုလိုအမကြီး ပီသစွာ တာဝန်ကျေလွန်းတဲ့ မနန္ဒာနဲ့ အကိုရင်းတယောက်လို မောင်နှမတွေကို ဂရုစိုက်တတ်တဲ့ ကိုဇေတို့ မိသားစုအားလုံး ––ဘဝတလျှောက်လုံး သူတော်ကောင်းတို့နဲ့သာတွေ့ဆုံနိုင်ပါစေ–မိမိဘာမှမလုပ်ခဲ့ပါဘဲလျှက် အသားလွတ် ဆဲဆိုကျိန်စာတိုက်ခံရခြင်းမှ လွတ်ကင်းပြီးဘဝ တလျှောက်လုံး အေးချမ်းသာယာပါစေလိုတိုင်း တတိုင်း ချက်ချင်းပြည့်စုံပြီး ကျန်းမာပျော်ရွှင်ပါစေမောင်နှမတွေကိုလည်း ယခုလို အမြဲတမ်းဖြည့်ဆည်းနိုင်ပါစေ။
ဒါတောင်အကို ကိုဇေကအိမ်ဆောက်ပေးမလို့ဟာ ယောင်းမ မနန္ဒာက မက်စောင်းထိုးလို့😁😁” လို့ နန္ဒာလှိုင်ရဲ့ ညီမမှ ရေးထားပါတယ်နော်။
နန္ဒာလှိုင်ကလည်း ” မောင်နှမတွေ အတူတူစုနေချင်လို့မြေ ၅ ကွက်ရောင်းပေးပါအလကားလဲ မလိုချင်ပါဘူးဆိုတော့၅ ကွက်ပေါင်းမှတကွက် တန်ဖိုးလောက်တောင်မရှိ တဲ့(အလကားမတ်တင်း)စျေးနဲ့ပေးတဲ့ကိုဇေ့ဖေဖေ မိန်းမရဲ့မိသားစုကိုဘာဖြည့်ဆည်းပေးရမ လဲအမြဲကြည့်နေတတ်တဲ့ကိုဇေ့ကိုလဲအရ မ်းကျေးဇူးတင်ပါတယ်မောင်နှမတွေတနေ ရာထဲမှာအတူ တူစုနေချင်တဲ့ဆန္ဒပြည့်ပါပြီ” လို့ ရေးထားပါတယ် ပရိသတ်ကြီးရေ…
Credit
Zawgyi Version
Credit