စိန်ဖူးတော်အတွက် သူမပိုင်ဆိုင်တဲ့ တန်ဖိုးကြီး ကျောက်မြတ်ရတနာတွေကို လှူဒါန်းလိုက်တဲ့ ရွှေရည်သိန်းတန်

Posted on

အဆိုတော်၊ စာရေးဆရာ၊ တေးရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ၊ ဇာတ်ဆရာတစ်ဦး ဖြစ်သည့် တေးသံရှင် တွံတေးသိန်းတန် ရဲ့ မျိုးဆက်ရင်သွေး သမီးဖြစ်သူ ရွှေရည်သိန်းတန်ကတော့ ဒီနေ့မှာ စိန်ဖူးတော် လှူဒါန်းတဲ့ အလှူလေးကို လှူဒါန်းခဲ့ပါတယ်။

ရွှေရည်သိန်းတန်ကတော့ အလှူအတန်းတွေကိုလည်း ရက်ရောပြီး ဘုရာတရားနဲ့ ဘာသာရေးကို ကိုင်းရှိုင်းတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ပါ။ဒီနေ့မှာလည်း ရွှေရည်သိန်းတန်က စိန်ဖူးတော်အတွက် သူပိုင်ဆိုင်တဲ့ ကျောက်မြတ်ရတနာတွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ရွှေရည်သိန်းတန်က သူရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်တွေလည်း မုဒိတာပွား သာဓုခေါ်ဆိုနိုင်ဖို့နဲ့ ကုသိုလ်တွေ ထပ်တူရရှိနိုင်စေဖို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ ရွှေရည်သိန်းတန်ရဲ့ မွန်မြတ်ပြီး လှူဒါန်းခွင့်ရခဲတဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်ပြီး မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေလည်း ရွှေရည်သိန်းတန်ရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Zawgyi Version



