
Posted on





Credit;

တရုတ်မလေးနန်းဆုရတီစိုးဆီက အန်ပေါင်းရလားလို့ပရိသတ်တစ်ဦးက မေးလိုက်တဲ့အပေါ် ချက်ချင်းတုံ့ပြန်လိုက်တဲ့ အဆိုတော်G Fatt

ပရိသတ်ကြီးရေ အဆိုတော် G Fatt နဲ့ သရုပ်ဆောင် နန်းဆုရတီစိုးတို့ဟာတစ်ချိန်က အရမ်းလိုက်ဖက်တဲ့စုံတွဲလေးပဲဖြစ်ပါတယ်နော်။နှစ်ယောက်လုံးအောင်မြင်တဲ့အနုပညာရှင်တွေဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်းအခိုင်အမာရရှိထားသူတွေဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ သဘောထားချင်း မတိုက်ဆိုင်တော့တဲ့အတွက် လမ်းခွဲပြတ်ဆဲ လိုက်ကြတာ အချိန်အတော်ကြာခဲ့ပြီ ဆိုပေမယ့် ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ သူတို့နှစ်ယောက်အကြောင်းကို စနောက်နေကြဆဲပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ G Fatt က တရုတ်နှစ်သစ်ကူးနဲ့ပတ်သက်ပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမျာ Status တစ်ခုတင်ခဲ့ရာ ပရိသတ်တစ်ယောက်က “မနန်းဆီက အန်ပေါင်းရတာလား နဂါးလေးရ” ဆိုပြီး စနောက်ခဲ့ရာ G Fatt က “မရပါဘူးကွာ ခေါ်မှမခေါ်တော့တာ” ဆိုပြီး ချစ်စရာကောင်းစွာ တုံ့ပြန်ခဲ့တာကြောင့် ပရိသတ်တွေက သဘောကျနေကြတာပဲဖြစ်ပါတယ်။

G Fatt နဲ့ နန်းဆုရတီစိုးတို့ ကတော့ လမ်းခွဲပြတ်ဆဲ လိုက်ခဲ့တာ အတော်ကြာပြီဆိုပေမယ့် ပရိသတ်တွေ ကတော့ G Fatt တို့ကို ဒီနေ့ဒီအချိန်ထိစနောက်နေကြဆဲပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း G Fatt ရဲ့ အဖြေကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

Credit;