
Posted on





Credit;

သီလရှင်လူထွက်ပြီး လူဝတ်လည်းလိုက်တဲ့နောက်ပိုင်း အဆိုတော်အိအိချွန်ရဲ့လက်ရှိကျန်းမာရေးအခြေအနေ

ပရိသတ်ကြီးရေအဆိုတော်အိအိချွန်ဟာဆိုရင် သူမရဲ့ရောဂါအခြေအနေကြောင့် သီလရှင်ဝတ်ပြီးသာသနာပြုနေခဲ့တာကြာပါပြီ။ အခုဆိုရင်တော့အိအိချွန်ဟာဆိုရင် လူဝတ်လည်းလိုက်ပြီးသာသနာ့ဘောင်မှ လူ့ဘောင်လောကသို့ဝင်ရောက်လာတာပဲဖြစ်ပါတယ်။

သာသနာ့ဘောင်ထဲက ထွက်လာခဲ့ပြီး တဲ့နောက် အိအိချွန်က ဒီကနေ့မှာတော့ ခရီးတွေထွက်ဖြစ်နေပြီး “ချစ်သူတို့ရေ နေကောင်းကြလားရှင်၊🥰 ချွန်လေးသတိရနေပါတယ်ရှင်🥰♥️😍” ဆိုပြီး နှုတ်ဆက်စကားလေး ပြောလာခဲ့ တာပဲဖြစ်ပါတယ်။

အိအိချွန် ကတော့ လက်ရှိမှာ သူမရဲ့ ဦးနှောက်အကြိတ်ရောင် ရောဂါအတွက် ဆေးကုသမှု ခံယူနေရသလို သူမဖြစ်ချင်တဲ့အရာလေးတွေကိုလည်း လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိအိချွန်တစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာဖို့ ဆုတောင်းပေးကြပါဦးနော်။

Credit;