
Posted on





Credit;

သူမကိုမိခင်နဲ့တူတယ်လို့ ပြောတဲ့သူတွေကို ရင်ထဲကခံစားချက်အတိုင်း ပြန်လည်တုံ့ပြန်တတ်တဲ့ ရွှေရည်သိန်းတန်ရဲ့သမီးလေး

ပရိတ်သတ်ကြီးရေ တေးရေး သျှန်ထွဏ်း(မြန်မာစာ)နဲ့မြန်မာသံဇဉ် အဆိုတော် ရွှေရည် သိန်းတန်တို့ ကတော့ သမီးလေး တစ် ယောက် သားလေး တစ်ယောက် ရပြီးမှ သဘောထားခြင်း မ တိုက်ဆိုင်တာကြောင့် ကွဲကွာခဲ့ကြပါတယ်။ ကလေးနှစ် ယောက်လုံးကို သျှန်ထွဏ်းက တာဝန်ယူထားပြီး ကလေးတွေ မျက်နှာမငယ်အောင် အဖေရှိရင် ပြည့်စုံတယ် ဆိုတဲ့အထိ အားတင်းနိုင်အောင် အကောင်းဆုံးကြိုးစားပြီး နေထိုင်နေတယ် လို့ ပြောပါတယ်။

အဆိုတော် ရွှေရည်သိန်းတန် ကတော့ တတိယမြောက် အိမ်ထောင်ပြုလိုက်ပြီး ကလေးတွေကို ပြစ်ထား တယ် ဆိုတဲ့ အချက်ကြောင့် ပရိတ်သတ်တွေက အပြင်း အထန် ဝေဖန်နေကြ တာပဲ ဖြစ်ပါတယ်။မိခင်က တတိယမြောက်အိမ်ထောင် ပြုတာနဲ့ ပတ်သတ်ပြီး ကလေးတွေက မိခင်နဲ့ပတ်သတ်ပြီး ဘာခံစားချက် မှ မရှိဘူးလို့ သျှန်ထွဏ်းက ဆိုလာပါတယ်။

“သားက ငယ်သေးတော့ မိဘတွေ အကြောင်း မသိဘူး သမီး ကတော့ သိတတ်တဲ့ အရွယ်လေးဆိုတော့ စိတ်ဒဏ်ရာ ပိုများ တယ်။တချို့က သမီးလေးက အမေနဲ့ တူတယ်လို့ ပြောရင် ခါးခါးသီးသီး မတူပါဘူးလို့ ငြင်းတတ်ပြီး သမီးက အဖေနဲ့ တူ တာပါလို့ ပြန်ပြောတယ် လို့ ဆိုလာပါတယ် ပရိတ်သတ်ကြီးရေ။

Credit;