7ႏွစ္ေက်ာ္ၾကာမွ ရရွိခဲ့တဲ့ခ်စ္ဇနီးေလးဆီက ေမြးေန႕လက္ေဆာင္ေလးေၾကာင့္ ဂုဏ္ယူမဆံုးျဖစ္ကာ ပီတိေတြနဲ႕ ေျပာျပလာတဲ့ ညီနႏၵ

Posted on

7ႏွစ္ေက်ာ္ၾကာမွ ရရွိခဲ့တဲ့ခ်စ္ဇနီးေလးဆီက ေမြးေန႕လက္ေဆာင္ေလးေၾကာင့္ ဂုဏ္ယူမဆံုးျဖစ္ကာ ပီတိေတြနဲ႕ ေျပာျပလာတဲ့ ညီနႏၵ

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ညီနႏၵဟာဆိုရင္ ႐ုပ္ရွင္နဲ႕ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာ႐ိုက္ကူးၿပီး အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြရရွိပိုင္ဆိုင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္ေနာ္။ကိုယ္ေရးကိုယ္တာ အိမ္တြင္းေရးကိစၥေတြနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကို ခ်ျပေလ့မရွိတဲ့ ညီနႏၵဟာ ဒီကေန႔မွာေတာ့ သူ႔ရဲ့ခ်စ္ဇနီးဆီက (၇) ႏွစ္ေက်ာ္မွ လက္ေဆာင္ပစၥည္းတစ္ခုကို ရရွိခဲ့ေၾကာင္း အမွတ္တရေျပာလာပါတယ္။

ညီနႏၵက “ဒီေန႔က ကၽြန္ေတာ့အတြက္ Valentine Day.. ကၽြန္ေတာ္တန္ဖိုးထားၿပီးခ်စ္ရတဲ့ကၽြန္ေတာ့ဇနီးထံမွ လက္ေဆာင္ပစၥည္းမရခဲ့တာ ၇ႏွစ္ေက်ာ္သြားခဲ့ပါၿပီ။ ကၽြန္ေတာ္မိသားစုအေပၚ တာဝန္မေက်ပဲ ဆိုးမိုက္ေနခဲ့တဲ့ရလာဒ္ေတြပဲေပါ့။ အခုအဲဒီရလာဒ္ေတြကို ကၽြန္ေတာ္ျဖတ္ေက်ာ္နိုင္ခဲ့ပါၿပီ။ ကၽြန္ေတာ့ရဲ့မွန္ကန္တဲ့ကတိသစၥာနဲ႔ႀကိဳးစားမႈေတြေၾကာင့္ လုပ္ငန္းရွင္အမ်ားစုရဲ့ ယုံၾကည္မႈေတြကိုလည္းရခဲ့သလို ကၽြန္ေတာ့ခ်စ္ဇနီးထံမွ ကၽြန္ေတာ္မေတာင္းပဲရလိုက္တဲ့ ၇ႏွစ္ေက်ာ္ေပ်ာက္ဆုံးေနခဲ့တဲ့ လက္ေဆာင္ေလးပါ။ ဒီေရေမႊးေလးစြတ္ၿပီး လူဘုံအလည္မွာ ဂုဏ္သတင္းေမႊးဖို႔ မေလ်ာ့တဲ့ဇြဲနဲ႔ဆက္ႀကိဳးစားသြားပါ့မယ္ ခ်စ္ရတဲ့မိန္းမေရ…❤️” ဆိုၿပီး သူ႔ရဲ့ပီတိေလးကို ေဝမၽွလာပါတယ္။

ညီနႏၵကေတာ့ တခ်ိန္က မိသားစုအေပၚတာဝန္မေက်ခဲ့ပဲ ပတ္ဝန္းက်င္မွာလည္း အေႂကြးေတြသိန္းေထာင္ခ်ီတင္ေနခဲ့ရာမွ အခုဆိုရင္ သူ႔ရဲ့ မွန္ကန္တဲ့ကတိသစၥာနဲ႔ အလုပ္ႀကိဳးစားမႈေတြေၾကာင့္ လူပုံလည္မွာ နာမည္ျပန္ရလာခဲ့ၿပီး သူ႔ရဲ့ဇနီးသည္ဆီကေနလည္း ယုံၾကည္မႈတစ္ခုကို ျပန္လည္တည္ေဆာက္နိုင္ခဲ့တာပဲျဖစ္ပါတယ္။ ညီနႏၵတစ္ေယာက္ အလုပ္အကိုင္ေတြေကာင္းမြန္ၿပီး မိသားစုနဲ႔ အခုလိုပဲ အျမဲတမ္းေပ်ာ္ရႊင္ခ်မ္းေျမ့ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit;

7နှစ်ကျော်ကြာမှ ရရှိခဲ့တဲ့ချစ်ဇနီးလေးဆီက မွေးနေ့လက်ဆောင်လေးကြောင့် ဂုဏ်ယူမဆုံးဖြစ်ကာ ပီတိတွေနဲ့ ပြောပြလာတဲ့ ညီနန္ဒ

ပရိသတ်ကြီးရေ သရုပ်ဆောင်ညီနန္ဒဟာဆိုရင် ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးပြီး အနုပညာလောကမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။ကိုယ်ရေးကိုယ်တာ အိမ်တွင်းရေးကိစ္စတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ချပြလေ့မရှိတဲ့ ညီနန္ဒဟာ ဒီကနေ့မှာတော့ သူ့ရဲ့ချစ်ဇနီးဆီက (၇) နှစ်ကျော်မှ လက်ဆောင်ပစ္စည်းတစ်ခုကို ရရှိခဲ့ကြောင်း အမှတ်တရပြောလာပါတယ်။

ညီနန္ဒက “ဒီနေ့က ကျွန်တော့အတွက် Valentine Day.. ကျွန်တော်တန်ဖိုးထားပြီးချစ်ရတဲ့ကျွန်တော့ဇနီးထံမှ လက်ဆောင်ပစ္စည်းမရခဲ့တာ ရနှစ်ကျော်သွားခဲ့ပါပြီ။ ကျွန်တော်မိသားစုအပေါ် တာဝန်မကျေပဲ ဆိုးမိုက်နေခဲ့တဲ့ရလာဒ်တွေပဲပေါ့။ အခုအဲဒီရလာဒ်တွေကို ကျွန်တော်ဖြတ်ကျော်နိုင်ခဲ့ပါပြီ။ ကျွန်တော့ရဲ့မှန်ကန်တဲ့ကတိသစ္စာနဲ့ကြိုးစားမှုတွေကြောင့် လုပ်ငန်းရှင်အများစုရဲ့ ယုံကြည်မှုတွေကိုလည်းရခဲ့သလို ကျွန်တော့ချစ်ဇနီးထံမှ ကျွန်တော်မတောင်းပဲရလိုက်တဲ့ ရနှစ်ကျော်ပျောက်ဆုံးနေခဲ့တဲ့ လက်ဆောင်လေးပါ။ ဒီရေမွှေးလေးစွတ်ပြီး လူဘုံအလည်မှာ ဂုဏ်သတင်းမွှေးဖို့ မလျော့တဲ့ဇွဲနဲ့ဆက်ကြိုးစားသွားပါ့မယ် ချစ်ရတဲ့မိန်းမရေ…❤️” ဆိုပြီး သူ့ရဲ့ပီတိလေးကို ဝေမျှလာပါတယ်။

ညီနန္ဒကတော့ တချိန်က မိသားစုအပေါ်တာဝန်မကျေခဲ့ပဲ ပတ်ဝန်းကျင်မှာလည်း အကြွေးတွေသိန်းထောင်ချီတင်နေခဲ့ရာမှ အခုဆိုရင် သူ့ရဲ့ မှန်ကန်တဲ့ကတိသစ္စာနဲ့ အလုပ်ကြိုးစားမှုတွေကြောင့် လူပုံလည်မှာ နာမည်ပြန်ရလာခဲ့ပြီး သူ့ရဲ့ဇနီးသည်ဆီကနေလည်း ယုံကြည်မှုတစ်ခုကို ပြန်လည်တည်ဆောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ညီနန္ဒတစ်ယောက် အလုပ်အကိုင်တွေကောင်းမွန်ပြီး မိသားစုနဲ့ အခုလိုပဲ အမြဲတမ်းပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit;