သူမရဲ႕ေမြးေန႕မွာခ်စ္တဲ့သူေတြက အမိုက္စားတန္ဖိုးႀကီးပစၥည္းေလးနဲ႕ စပ႐ိုက္တိုက္ခဲ့လို႕ ေပ်ာ္ရႊင္မဆံုးျဖစ္ေနတဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္

Posted on

သူမရဲ႕ေမြးေန႕မွာခ်စ္တဲ့သူေတြက အမိုက္စားတန္ဖိုးႀကီးပစၥည္းေလးနဲ႕ စပ႐ိုက္တိုက္ခဲ့လို႕ ေပ်ာ္ရႊင္မဆံုးျဖစ္ေနတဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္

ပရိသတ္ႀကီးေရ ဇာတ္ပို႕သ႐ုပ္ေဆာင္ ႏႈိင္းယွဥ္ျမင့္မိုရ္ ဟာဆိုရင္ Live Saleေတြေရာင္းရင္း အႏုပညာေလာကမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ေက်ာ္ၾကားေနတဲ့သ႐ုပ္ေဆင္တစ္ေယာက္ျဖစ္ပါတယ္ေနာ္။လာမယ့္ ဇန္နဝါရီလ (၂၄) ရက္ေန႔ကေတာ့ ႏွိုင္းယွဥ္ျမင့္မိုရ္ရဲ့ ေမြးေန႔ေလးျဖစ္ၿပီး သူမကိုခ်စ္တဲ့ပရိသတ္ေတြက ေမြးေန႔မတိုင္ခင္ကတည္းကေန လက္ေဆာင္ေတြေပးခဲ့ေၾကာင္း ႏွိုင္းယွဥ္ျမင့္မိုရ္က အခုလိုပဲေျပာျပလာပါတယ္။

ႏွိုင္းယွဥ္ျမင့္မိုရ္က “ညက Branded နာရီေရာင္းရင္း ႏွိုင္းရွင္ ကို ခ်စ္တဲ့ ပန္ကာေလးေတြက မႀကီးေမြးေန႔ ဘာေကၽြးမွ ာလည္းတဲ့။ ဘာမွမေကၽြးပါဘူးလို႔.. ဘာပြဲမွလည္း လုပ္ဖို႔အစီအစဥ္ကို မရွိပါဘူးလို႔။ ပထမဆုံးအလုပ္က အေမနဲ႔အေဖ့ကိုသြားကန္ေတာ့ရမယ္ ၿပီးရင္ နံပါတ္ 1 ဘိုးဘိုးဘြားဘြားရိပ္သာမွာလႈမယ္။ နံပါတ္ 2 လႈမယ့္သူေတြမရွိတဲ့ေန႔က်ရင္ ဌက္ေပ်ာပင္ ေတာင္ျပဳတ္စားရတဲ့ မိဘမဲ့ေက်ာင္းမွာသြားလႈမယ္။ နံပါတ္ 3 လမ္းမွာ ပန္းေရာင္းေနတဲ့ ခေလးေလးေတြအဖိုးအဖြားေတြအတြက္ ထမင္းနဲ႔ဟင္း ဗူး 150ေလာက္ ကားေပၚတင္ပီး လိုက္ေကၽြးမယ္။ အဲဒါကေတာ့မိသားစုေမြးေန႔ေတြတိုင္း လုပ္ေနၾကပဲ။ နံပါတ္ 4 က တဒဂုံမွာ လူ 500စာ ထမင္းေကၽြးမယ္။ နံပါတ္ 5တိေလးေတြအတြက္ ခ်က္ခိုင္းၿပီး လိုက္ေကၽြးမယ္။ နံပါတ္ 6 လစဥ္လႈေနၾက အတိုင္း မ်က္လုံး 2ေယာက္လႈမယ္။ နံပါတ္ 7 လစဥ္ကပ္ေနၾကအတိုင္း စြန္းလြန္းဂူဝိပႆနာေက်ာင္းတိုက္မွာ ေက်ာင္းရွိသံဃာအကုန္ သီလရွင္ေယာဂီေတြကိုဆြမ္းကပ္မယ္။ နံပါတ္ 8 လစဥ္ လႈေနၾက ေက်းဇူးရွင္နဂါးရစ္ေတာင္ ဘုန္းဘုန္းႀကီးကို အလႈ 5မ်ိဳးအတြက္အလႈေငြလႈမယ္။ ဒါေၾကာင့္ ဘာမွ ဘယ္သူ႔ကိုမွ ဖိတ္ပီးမေကၽြးပါဘူးဘာပြဲ ဘာအစီအစဥ္မွမရွိပါဘူးလို႔ေျပာလိုက္တာ ပန္ကာေလးေတြက အားလုံးစုပီး ႏွိုင္းရွင္ႀကိဳက္ေနတဲ့ TORI နာရီေလး ဝယ္ေပးၾကတယ္။ ပန္ကာေလးေတြကို ေက်းဇူးအရမ္းအရမ္းတင္ပါတယ္… ဘာမွမေကၽြးပါဘူးဆိုကာမွ လက္ေဆာင္ေလးေပးၾကလို႔” ဆိုၿပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားခဲ့တာပဲျဖစ္ပါတယ္။

ႏွိုင္းယွဥ္ျမင့္မိုရ္ ကေတာ့ ေမြးေန႔မွာ ဘယ္သူ႔ကိုမွ မုန႔္မေကၽြးဘူးလို႔ ရည္ရြယ္ထားေပမယ့္ ပရိသတ္ေတြ ကေတာ့ သူမလိုခ်င္တဲ့နာရီေလးကို လက္ေဆာင္ျပန္ေပးခဲ့ေၾကာင္း ေက်းဇူးတင္စြာနဲ႔ ေျပာျပလာတာပဲျဖစ္ပါတယ္။ ႏွိုင္းယွဥ္ျမင့္မိုရ္တစ္ေယာက္ ဒီထက္မက ေအာင္ျမင္မႈေတြရရွိၿပီး ပရိသတ္ေတြေမတၱာကိုလည္း ရရွိပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit;

သူမရဲ့မွေးနေ့မှာချစ်တဲ့သူတွေက အမိုက်စားတန်ဖိုးကြီးပစ္စည်းလေးနဲ့ စပရိုက်တိုက်ခဲ့လို့ ပျော်ရွှင်မဆုံးဖြစ်နေတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် ဟာဆိုရင် Live Saleတွေရောင်းရင်း အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့သရုပ်ဆေင်တစ်ယောက်ဖြစ်ပါတယ်နော်။လာမယ့် ဇန်နဝါရီလ (၂၄) ရက်နေ့ကတော့ နှိုင်းယှဉ်မြင့်မိုရ်ရဲ့ မွေးနေ့လေးဖြစ်ပြီး သူမကိုချစ်တဲ့ပရိသတ်တွေက မွေးနေ့မတိုင်ခင်ကတည်းကနေ လက်ဆောင်တွေပေးခဲ့ကြောင်း နှိုင်းယှဉ်မြင့်မိုရ်က အခုလိုပဲပြောပြလာပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်က “ညက Branded နာရီရောင်းရင်း နှိုင်းရှင် ကို ချစ်တဲ့ ပန်ကာလေးတွေက မကြီးမွေးနေ့ ဘာကျွေးမှ ာလည်းတဲ့။ ဘာမှမကျွေးပါဘူးလို့.. ဘာပွဲမှလည်း လုပ်ဖို့အစီအစဉ်ကို မရှိပါဘူးလို့။ ပထမဆုံးအလုပ်က အမေနဲ့အဖေ့ကိုသွားကန်တော့ရမယ် ပြီးရင် နံပါတ် 1 ဘိုးဘိုးဘွားဘွားရိပ်သာမှာလှုမယ်။ နံပါတ် 2 လှုမယ့်သူတွေမရှိတဲ့နေ့ကျရင် ဌက်ပျောပင် တောင်ပြုတ်စားရတဲ့ မိဘမဲ့ကျောင်းမှာသွားလှုမယ်။ နံပါတ် 3 လမ်းမှာ ပန်းရောင်းနေတဲ့ ခလေးလေးတွေအဖိုးအဖွားတွေအတွက် ထမင်းနဲ့ဟင်း ဗူး 150လောက် ကားပေါ်တင်ပီး လိုက်ကျွေးမယ်။ အဲဒါကတော့မိသားစုမွေးနေ့တွေတိုင်း လုပ်နေကြပဲ။ နံပါတ် 4 က တဒဂုံမှာ လူ 500စာ ထမင်းကျွေးမယ်။ နံပါတ် 5တိလေးတွေအတွက် ချက်ခိုင်းပြီး လိုက်ကျွေးမယ်။ နံပါတ် 6 လစဉ်လှုနေကြ အတိုင်း မျက်လုံး 2ယောက်လှုမယ်။ နံပါတ် 7 လစဉ်ကပ်နေကြအတိုင်း စွန်းလွန်းဂူဝိပဿနာကျောင်းတိုက်မှာ ကျောင်းရှိသံဃာအကုန် သီလရှင်ယောဂီတွေကိုဆွမ်းကပ်မယ်။ နံပါတ် 8 လစဉ် လှုနေကြ ကျေးဇူးရှင်နဂါးရစ်တောင် ဘုန်းဘုန်းကြီးကို အလှု 5မျိုးအတွက်အလှုငွေလှုမယ်။ ဒါကြောင့် ဘာမှ ဘယ်သူ့ကိုမှ ဖိတ်ပီးမကျွေးပါဘူးဘာပွဲ ဘာအစီအစဉ်မှမရှိပါဘူးလို့ပြောလိုက်တာ ပန်ကာလေးတွေက အားလုံးစုပီး နှိုင်းရှင်ကြိုက်နေတဲ့ TORI နာရီလေး ဝယ်ပေးကြတယ်။ ပန်ကာလေးတွေကို ကျေးဇူးအရမ်းအရမ်းတင်ပါတယ်… ဘာမှမကျွေးပါဘူးဆိုကာမှ လက်ဆောင်လေးပေးကြလို့” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။

နှိုင်းယှဉ်မြင့်မိုရ် ကတော့ မွေးနေ့မှာ ဘယ်သူ့ကိုမှ မုန့်မကျွေးဘူးလို့ ရည်ရွယ်ထားပေမယ့် ပရိသတ်တွေ ကတော့ သူမလိုချင်တဲ့နာရီလေးကို လက်ဆောင်ပြန်ပေးခဲ့ကြောင်း ကျေးဇူးတင်စွာနဲ့ ပြောပြလာတာပဲဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေရရှိပြီး ပရိသတ်တွေမေတ္တာကိုလည်း ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit;