
Posted on





Credit;

ပရိသတ်တွေစိတ်ပူနေတဲ့ သူမရဲ့လက်ရှိကျန်းမာရေးအခြေအနေကို ပုံနှင့်တကွပြသလာတဲ့ မင်းသမီးနန်းမြတ်ဖြိုးသင်း

ပရိသတ်ကြီးရေမင်းသမီးနန်းမြတ်ဖြိုးသင်းဟာဆိုရင် ချစ်စရာကောင်းတဲ့ သားနဲ့သမီးလေးကိုပိုင်ဆိုင်ထားပြီး ပရိသတ်တွေချီးကျူးရတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။အခုဆိုရင်နန်းမြတ်ဖြိုးသင်းဟာ နေထိုင်မကောင်းဖြစ်နေတာကြောင့် အနုပညာအလုပ်တွေကို ရပ်နားထားရတဲ့ အကြောင်းနဲ့သူမရဲ့ကျန်းမာရေးအခြေအနေကို ပြောပြလာခဲ့ပါတယ်။

နန်းမြတ်ဖြိုးသင်းက “နေမကောင်းတဲ့ တလျောက် စားစရာတွေပို့ပေးသူများ ဆရာဝန်အိမ်ပင့် လာတဲ့အမ အွန်လိုင်းကနေကြည့်ပေးတဲ့သူငယ်ချင်းဆရာဝန် စိတ်ပူပေးကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးအများကြီးတင်ပါတယ်💖💖💖 ပို့တဲ့စားစရာတွေစားပီးအားမွေးနေကြောင်းပါ 😁 ပုံကတော့လန့်သွားမှာစိုးလို့ဝါးထားတာ 😁” ဆိုပြီး ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

နန်းမြတ်ဖြိုးသင်း ကတော့ ဘာအတွက်နေထိုင် မကောင်းဖြစ်တာလဲ ဆိုတာကိုတော့ မပြောထားပေမယ့် အသက် အန္တရာယ်နဲ့နီးတဲ့ရောဂါမျိုးတော့မဟုတ်ဘူးလို့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။ နန်းမြတ်တစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit;