
Posted on





Credit;

ရည်းစားဟောင်းမီးမီးလေးနဲ့ လက်ရှိရည်းစားဟန်နီတို့ကြား ဗျာများနေရတဲ့ အကြောင်းပြောပြလာတဲ့ ကောင်းထက်ဇော်

ပရိသတ်ကြီးရေ နိုင်ငံကျော်အစီအစဉ် တင်ဆက်သူ ကောင်းထက်ဇော်ဟာဆိုရင်ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ ပြီးခဲ့တဲ့ရက်ပိုင်း ကောင်းထက်ဇော်ရဲ့ (၂၀၁၆) ခုနှစ်ကဓာတ်ပုံတွေမှာ MML ဆိုတဲ့ ကပ်ပရှင်တွေကြောင့် ပရိသတ်တွေက ဆဲတဲ့စကားလုံးလားဆိုပြီး အထင်အမြင်လွဲခံခဲ့ရတာပဲဖြစ်ပါတယ်။

ထိုအကြောင်းနဲ ့ပတ်သက်ပြီး ကောင်းထက်ဇော်က “ဟိုးအရင်က ရည်းစားကို မီးမီးလေး လို့ခေါ်တာ ပရိသတ်တွေသိခဲ့တယ်။ အဲ့အချိန်က ပရိသတ်မဟုတ်ရင် သိမှာမဟုတ်ဘူး။ (အထင်လွဲခံရတာထုံးစံပဲလေ မမှုတော့ပါ) အရင်ရည်းစားနာမည် မီးမီးလေးကိစ္စ ဘယ်သူအစဆွဲထုတ်မှန်းမသိ.. အခုဟန်နီနဲ့ပြဿနာတက်နေပြီ.. သာဓုပါကွယ်” ဆိုပြီး ပရိသတ်တွေဆီ ပြန်လည်ဖြေရှင်းလာပါတယ်။

ကော်ငးထက်ဇော်က သူ့ရဲ့အရင်က ရည်းစား မီးမီးလေးကို MML လို့အတိုကောက်လေးရေးရာမှ တချို့အကြောင်း အရင်းမသိတဲ့ပရိသတ်တွေက အထင်အမြင်လွဲခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ ကောင်းထက်ဇော်က မီးမီးလေးလို့ခေါ်တဲ့ ရည်းစားနဲ့ပြတ်ဆဲသွားခဲ့ပြီဖြစ်ပြီး ဟန်နီလို့ခေါ်တဲ့ ချစ်သူနဲ့ လက်တွဲနေတာပဲဖြစ်ပါတယ်။

Credit;