
Posted on





Credit;

ဒီနေ့မှာပဲ သူနဲ့တူတဲ့ပထမဦးဆုံး သားဦးရတနာလေးကို ပိုင်ဆိုင်ခဲ့ပြီဖြစ်တဲ့ အဆိုတော်ဂျိုကာ

ပရိသတ်ကြီးရေ အဆိုတော်ဂျိုကာဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတစ်ခုကို ရရှိပိုင်ဆိုင်ခဲ့ပြီ ပဲဖြစ်ပါတယ်နော်။အဆိုတော်သရုပ်ဆောင်ရဲလေးရဲ့ညီအရင်းဖြစ်သလို သူကိုယ်တိုင်ကပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို များစွာရရှိထားသူပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဂျိုကာက ပရိသတ်တွေ အတွက် သူ့ရဲ့သတင်းကောင်းလေး တစ်ခုကို မျှဝေပေးလာခဲ့ပါတယ်။ဂျိုကာက ဒီကနေ့ ဇန်နဝါရီလ (၉) ရက်နေ့ မှာ သူ့ရဲ့ ပထမဦးဆုံ းရင်သွေးလေးကို ပိုင်ဆိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဂျိုကာရဲ့ သားလေးကို ဒီကနေ့ မနက် ၈ နာရီ ၄၅ မိနစ်အချိန် ဆာကူရာဆေးရုံမှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ သားသားလေးက ခန္ဓာကိုယ်အလေးချိန် (၆) ပေါင်နဲ့ (၁၀) အောင်စရှိပြီး ကလေးရော မိခင်ရောကလည်း ကျန်းကျန်းမာမာရှိနေတာပဲဖြစ်ပါတယ်။

ဂျိုကာကတော့ သူ့ရဲ့ကိုယ်ပွားလေးလို့ ဆိုရမယ့် သားလေးကို ဒီကနေ့မှာပဲ ပိုင်ဆိုင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ သားသားလေးလည်း ဖေဖေနဲ့ မေမေကို ကောင်းကျိုးပြုနိုင်ပြီး လူတော်လူကောင်းတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit;