အင်္ကျီအကြပ်ဝတ်ပြီး ဗိုက်ခေါက်ထွက်နေလို့ ပရိသတ်တွေရဲ့ဝေဖန်ခြင်းခံရတဲ့အပေါ် ပြန်လည်တုံ့ပြန်လိုက်တဲ့ ဘေဘီမောင်

Posted on

အင်္ကျီအကြပ်ဝတ်ပြီး ဗိုက်ခေါက်ထွက်နေလို့ ပရိသတ်တွေရဲ့ဝေဖန်ခြင်းခံရတဲ့အပေါ် ပြန်လည်တုံ့ပြန်လိုက်တဲ့ ဘေဘီမောင်





Credit;

အကျႌအကြပ်ဝတ်ပြီး ဗိုက်ခေါက်ထွက်နေလို့ ပရိသတ်တွေရဲ့ဝေဖန်ခြင်းခံရတဲ့အပေါ် ပြန်လည်တုံ့ပြန်လိုက်တဲ့ ဘေဘီမောင်

ပရိသတ်ကြီးရေ သရုပ်ဆောင်ဘေဘီမောင်ဟာဆိုရင် အနုပညာလောကမှာအောင်မြင်မှု လမ်းကြောင်းပေါ်ကိုလျှောက်လှမ်းနေတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။အခုဆိုရင်သူမမှာချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ ဘေဘီမောင်က သူမရိုက်ကူးပြီးခဲ့တဲ့ ကြော်ငြာမှာ ဗိုက်ခေါက်ကြီးထွက်ပြီး မင်းသမီးတစ်ယောက်နဲ့မတူအောင် ပုံပျက်နေတဲ့အပေါ် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရတာပဲဖြစ်ပါတယ်။

ထိုကြော်ငြာလေးနဲ ့ပတ်သက်ပြီး ဘေဘီမောင်က “ဝေဖန်သုံးသပ်သူများသို့ ရွှေသမီး စိန်ရတနာဆိုင်ကြေငြာကိစ္စလေးပါ🙏🏻 ဘေဘီတို့ရဲ့အကိုတွေအမတွေနဲ့အတူတူအလုပ်လေးတွဲလုပ်ခွင့်ရတဲ့အတွက်လည်းပျော်ရွှင်ကြည်နူးရပါတယ်🙏🏻 ဒီကြောငြာလေးထဲမှာ ဘေဘီကကိုယ်ဝန်ရှိတဲ့အခန်းတွေ ခလေးမေမေအခန်းလေးတွေရိုက်ရပါတယ် ကိုယ်တိုင်ကလည်းခလေးမေမေဖြစ်တဲ့အတွက်အဲ့လိုရိုက်ခဲ့ရတာကိုကျေနပ်ပီတိဖြစ်ခဲ့ရပါတယ်🙏🏻☺️ အကဝါသနာပါတဲ့ဘေဘီအတွက် အကလေးတွေပါ ကရမယ်ဆိုတော့ပျော်တာပေါ့ ကိုယ့်ချစ်ရတဲ့အကိုတွေအမတွေနဲ့တူတူ ကရမှာဆိုတော့လေ ဘေဘီတို့အားလုံးအကတွေတိုက်ပြီးသေချာကြိုးစားထားပါတယ်ရှင့်🙏🏻🙏🏻🙏🏻

ကတဲ့အချိန်မှာဝတ်တဲ့ဝတ်စုံလေး အကြောင်းပါ။ ဟုတ်ပါတယ် အင်္ကျီအပြောင်ပိုးသားဖြစ်တဲ့ အတွက်ရယ် ခလေးမေမေတွေဖြစ်တဲ့အကြောင်းရယ်ကြောင့် ဗိုက်ခလေးတွေပူပါတယ် လှုပ်ရှားပြီးကတဲ့ အချိန်ဆိုပိုပီးဆူထွက်ပါတယ်။ ဘေဘီဗိုက်လေးအပူဆုံးလေးပေါ့။ ဘီလီယံလေးမွေးထားတာ လပိုင်းပဲရှိသေးပေမယ့်ခုလိုကနိုင်ခုန်နိုင်ပြီးအလုပ် လုပ်နိုင်တာကိုပဲကျမဂုဏ်ယူပါတယ်🥰 ဟန်မဆောင်ပဲအရှိကိုအရှိတိုင်းပရိတ်သတ်ကိုအမြဲချပြတတ်တဲ့ကျမမို့ ကိုယ့်ကိုကိုယ်အမြဲယုံကြည်မူ့အပြည့်ရှိတယ်။ ဗိုက်ပူမလေးကိုဝေဖန် သုံးသပ်ပေးတဲ့အတွက်လည်း အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။ ကြေငြာလေးမှာပါဝင်ခွင့်ပေးတဲ့ ဆိုင်ရှင်မမနီလာနဲ့ဆရာကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏🏻🙏🏻🙏🏻သမီးဘီလီယံလေးလည်းပါတယ်နော်မေမေဘေဘီဗိုက်ပူလေးလည်း ဘယ်လိုတွေသရုပ်ဆောင်ထားပြီးဘယ်လိုတွေကထားလဲဆိုတာ မကြာမီ လာမည် မျှော်” ဆိုပြီး ပရိသတ်တွေကို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

အဆိုပါကြော်ငြာမှာ ကရခုန်ရတဲ့ဇာတ်ဝင်ခန်းတွေမှ ာဝတ်ရတဲ့ အင်္ကျီအသားနဲ့ ပုံစံတို့ဟာ ကလေးမီးဖွားပြီးလပိုင်းအချိန်သာရှိသေးတဲ့ ဘေဘီမောင်အတွက် လိုက်ဖက်မှုမရှိပဲ ပရိသတ်တွေစိတ်တိုင်းမကျဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘေဘီမောင်က သူမကိုယ်သူမ မင်းသမီးတစ်ယောက်ဖြစ်နေတဲ့အတွက် ပရိသတ်တွေစိတ်ကျေနပ်စေတဲ့အထိ ခန္ဓာကိုယ်အချိုးအစားကိုပြောင်းလဲနေလျက်ရှိတာပဲဖြစ်ပါတယ်။

Credit;