
Posted on





Credit;

သူမနဲ့ညီအစ်မလားလို့တောင်ထင်ရတဲ့ သမီးကြီးရဲ့အရွယ်ရောက်လာတဲ့ပုံရိပ်တွေကို ပြသလာတဲ့ မော်ဒယ်သန္တာလှိုင်

ပရိသတ်ကြီးရေ သန္တာလှိုင်ဟာဆိုရင် မော်ဒယ်လောကမှာ ဆရာတစ်ဆူဆိုရင်လည်း မမှားပါဘူးနော်။အမိုက်စားခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားပြီး အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အပူအပင်ကင်းကင်းနဲ့ ဘဝကိုနေထိုင်နေတဲ့ သန္တာလှိုင်ဟာ စိတ်ရောကိုယ်ပါ နုပျိုတာကြောင့် အရွယ်နဲ့မလိုက်အောင်ကို လှပနုနယ်လွန်းသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီကနေ ့မှာတော့ သန္တာလှိုင်က သူမရဲ့ သမီးကြီး Zakera နဲ့ လျှောက်လည်ခဲ့တဲ့ အမှတ်တရ ပုံရိပ်လေးကို မျှဝေလာပါတယ်။ သန္တာလှိုင်က အသက် (၁၉) နှစ်အရွယ်ရောက်ရှိနေပြီမို့ ကြီးကောင်ဝင်လာပြီး မေမေနဲ့တူလာတဲ့ သမီးကြီး Zakera ရဲ့ Selfie ပုံရိပ်တွေကို ပရိသတ်တွေအတွက် သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလာတာပဲဖြစ်ပါတယ်။

သန္တာလှိုင်ကတော့ ဆယ်ကျော်သက် အရွယ်သမီးနဲ့ ယှဉ်နိုင်တဲ့ အထိကို နုပျိုလှပလွန်းနေ တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ သန္တာလှိုင်တို့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

Credit;