
Posted on





Credit;

သူမရဲ့(၁၀)ကြိမ်မြောက်အလှူအဖြစ် သိန်းပေါင်းများစွာအကုန်ခံပြီး ရွာလုံးကျွတ်မိုးလင်းမိုးချုပ် ထမင်းကျွေးကုသိုလ်ပြုခဲ့တဲ့ Dj Violetရဲ့ပုံရိပ်များ

ပရိသတ်ကြီးရေDj Violet ဟာ မနေ့က ဇန်နဝါရီလ (၄) ရက်နေ့မှာ သူမရဲ့ ဇာတိရွာလေးမှာ ရွာလုံးကျွတ် စတုဒိသာအလှူလေးပြုလုပ်ခဲ့ကာ သူမရဲ့ ပီတိလေးကို အခုလိုပဲ ဝေမျှပေး လာပါတယ်။

Dj Violet က “4.1.2023 ” ၁၀ ” ကြိမ်မြောက် (လူ ၆ဝဝစာ ) ထပ်တိုး (လူ၂၀၀) (ငွေကျပ် ၁၅ သိန်း++) (ဆန် ၃အိတ်++)( မန်ကျီးအရက် ၇ ဖာ ) စာရင်းမချုပ်ဘဲ ကုန်ချင်သလောက်ကုန် တစ်ညလုံးကျွေးမယ် ကွာ…..😍 အလှူလေးကို အောင် အောင်မြင်မြင်နဲ့ လှူနိုင်ခဲ့ပါပြီ။ မနက်ပိုင်း (ပဲကုလားဟင်း)ညပိုင်း (ကြက်သားဘူးသီး ထပ်တိုး (၄၅ ပိဿာ) မိုးလင်းမိုးချုပ် အဝစား ရှယ်စား၊ ရေမွှေး (ဘူး ၆၀၀) sponsor အနေနဲ့ ပါဝင်အားဖြည့် ပေးတဲ့ Anytime Cosmetics ကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 🙏🙏🙏 နောက်လဲ ဒီ့ထက်မက လှူနိုင်ပရစေရှင့်😍🙏🙏” ဆိုပြီး သူမရဲ့အလှူလေးကို ပီတိတွေနဲ့ ပြောလာပါတယ်။

Dj Violet ကတော့ သူမရဲ့ ကိုယ်ပိုင်ချွေးနည်းစာနဲ ့လှူဒါန်းတဲ့ (၁၀) ကြိမ်မြောက်အလှူအဖြစ် ရွာလုံးကျွတ် မိုးလင်းမိုးချုပ် ထမင်းကျွေးကုသိုလ်ပြုခဲ့တာပဲဖြစ်ပါတယ်။ Dj Violet လေး ဒီထက်မကအောင်မြင်ပြီး နောက်ထပ်အများကြီးလှူနိုင်တန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit;