သူမအတြက္ဆို ေခါင္းအစေျခအဆံုးအကုန္လိုက္လုပ္ေပးတဲ့ ခ်စ္သူမင္းထိုက္ရဲ႕အေၾကာင္းကို ပံုႏွင့္တကြျပသလာတဲ့ DJ Violet

Posted on

သူမအတြက္ဆို ေခါင္းအစေျခအဆံုးအကုန္လိုက္လုပ္ေပးတဲ့ ခ်စ္သူမင္းထိုက္ရဲ႕အေၾကာင္းကို ပံုႏွင့္တကြျပသလာတဲ့ DJ Violet

ပရိသတ္ႀကီးရ မင္းသားႀကီးေနမ်ိဳးေအာင္ရဲ႕သားမင္းထိုက္ကေတာ့ အေဖေသြးအျပည့္ပါၿပီး ႐ုပ္ရွင္နဲ႕ဗီဒီယိုဇာတ္ကားမ်ားစြာ႐ိုက္ကူးထားတဲ့ တက္သစ္စမင္းသားေခ်ာတစ္လက္ပဲျဖစ္ပါတယ္။မင္းထိုက္ဟာ လတ္တေလာမွာေတာ့ အႏုပညာလႈပ္ရွားမႈေတြရပ္နားထားၿပီး သူ႔ရဲ့ခ်စ္သူ DJ Violet ရဲ့ မန္ေနဂ်ာအျဖစ္ ခ်စ္သူရဲ့ ကိစၥအားလုံးကို တာဝန္ယူထားတာပဲ ျဖစ္ပါတယ္။

ခ်စ္သူရဲ့ မန္ေနဂ်ာလည္းျဖစ္သလို ခ်စ္သူအတြက္ အစစအရာရာ အေသးစိတ္ကအစ ကိုယ္တိုင္လုပ္ေပးရမွေက်နပ္တဲ့ မင္းထိုက္ဟာ ဒီကေန႔မွာလည္း သူ႔ရဲ့ခ်စ္သူအတြက္ ေျခသည္းကအစ ညႇပ္ေပးေၾကာင္း ေတြ႕ရပါတယ္။ DJ Violet က သူမကိုေျခသည္းညႇပ္ေပးတဲ့ မင္းထိုက္ရဲ့ပုံေလးကို မၽွေဝကာ “Violet ရဲ့ ေခါင္းအစ ေျခအဆုံး တစ္ဦးတည္းေသာ ဂ်ာဂ်ာေယး” ဆိုၿပီး ခ်စ္သူရဲ့အေၾကာင္းကို အမႊန္းတင္ခဲ့ပါတယ္။

မင္းထိုက္ကေတာ့ ခ်စ္သူကို သူကိုယ္တိုင္ ဂ႐ုတစိုက္ရွိတဲ့ ခ်စ္သူေကာင္းတစ္ေယာက္ပါပဲ။ ပရိသတ္ႀကီးလည္း မင္းထိုက္နဲ႔ DJ မေလး Violet တို႔ရဲ့ပုံေလးကိုၾကည့္ၿပီး ၾကည္ႏူးမႈေတြ ကူးစက္သြားမယ္လို႔ ထင္ပါတယ္ေနာ္။

Credit;

သူမအတွက်ဆို ခေါင်းအစခြေအဆုံးအကုန်လိုက်လုပ်ပေးတဲ့ ချစ်သူမင်းထိုက်ရဲ့အကြောင်းကို ပုံနှင့်တကွပြသလာတဲ့ DJ Violet

ပရိသတ်ကြီးရ မင်းသားကြီးနေမျိုးအောင်ရဲ့သားမင်းထိုက်ကတော့ အဖေသွေးအပြည့်ပါပြီး ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများစွာရိုက်ကူးထားတဲ့ တက်သစ်စမင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။မင်းထိုက်ဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေရပ်နားထားပြီး သူ့ရဲ့ချစ်သူ DJ Violet ရဲ့ မန်နေဂျာအဖြစ် ချစ်သူရဲ့ ကိစ္စအားလုံးကို တာဝန်ယူထားတာပဲ ဖြစ်ပါတယ်။

ချစ်သူရဲ့ မန်နေဂျာလည်းဖြစ်သလို ချစ်သူအတွက် အစစအရာရာ အသေးစိတ်ကအစ ကိုယ်တိုင်လုပ်ပေးရမှကျေနပ်တဲ့ မင်းထိုက်ဟာ ဒီကနေ့မှာလည်း သူ့ရဲ့ချစ်သူအတွက် ခြေသည်းကအစ ညှပ်ပေးကြောင်း တွေ့ရပါတယ်။ DJ Violet က သူမကိုခြေသည်းညှပ်ပေးတဲ့ မင်းထိုက်ရဲ့ပုံလေးကို မျှဝေကာ “Violet ရဲ့ ခေါင်းအစ ခြေအဆုံး တစ်ဦးတည်းသော ဂျာဂျာယေး” ဆိုပြီး ချစ်သူရဲ့အကြောင်းကို အမွှန်းတင်ခဲ့ပါတယ်။

မင်းထိုက်ကတော့ ချစ်သူကို သူကိုယ်တိုင် ဂရုတစိုက်ရှိတဲ့ ချစ်သူကောင်းတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း မင်းထိုက်နဲ့ DJ မလေး Violet တို့ရဲ့ပုံလေးကိုကြည့်ပြီး ကြည်နူးမှုတွေ ကူးစက်သွားမယ်လို့ ထင်ပါတယ်နော်။

Credit;