ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် အမေများ အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ထိပ်တင်ထား ကွယ်လွန်

Posted on

ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဒေါ်ထိပ်တင်ထား ကတော့ သြဂုတ်လ ၂၅ ရက်နေ့ညမှာ ကိုဗစ်ရောဂါဖြင့် ဆုံးပါးကွယ်လွန်သွားတယ်လို့ ကြားသိရပါတယ်။ အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ သူမဟာရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် နှစ်တော်တော်ကြာကြာ ရုပ်ရှင်ဇာတ်ကားတွေထဲမှာတွေ့မြင်ခဲ့ရတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ပါ။

ဒေါ်ထိပ်တင်ထားကတော့ အမေများ အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး အနုပညာရှင်တွေက လေးစားချစ်ခင်ရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အိတုံကလည်း ဒေါ်ထိပ်တင်ထား ကွယ်လွန်သွားတဲ့ အတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ “အမေထားကောင်းရာဘုံဘဝရောက်ပါစေ”လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဝမ်းနည်းစွာနဲ့ဖော်ပြထားခဲ့ပါသေးတယ်။

ဒေါ်ထိပ်တင်ထား ဆုံးပါးကွယ်လွန်သွားတဲ့ သတင်းလေးလေးကြောင့် သူရဲ့မိသားစုနဲ့ ထပ်တူနှမြောတသဝမ်းနည်းကြေကွဲရပြီး အမေထားတစ်ယောက် ကောင်းရာဘုံဘဝကို ရောက်ရှိစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ပရိသတ်ကြီးတွေအတွက်လည်း ဒီသတင်းလေးကို စိတ်မကောင်းဝမ်းနည်းစွာနဲ့ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi Version

႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ပို႔ ဇာတ္ရံ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ ေဒၚထိပ္တင္ထား ကေတာ့ ၾသဂုတ္လ ၂၅ ရက္ေန႔ညမွာ ကိုဗစ္ေရာဂါျဖင့္ ဆုံးပါးကြယ္လြန္သြားတယ္လို႔ ၾကားသိရပါတယ္။ အသက္ ၈၃ ႏွစ္ရွိၿပီျဖစ္တဲ့ သူမဟာ႐ုပ္ရွင္နဲ႔ ဗီဒီယိုေလာကမွာ က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္နိုင္တာေၾကာင့္ ႏွစ္ေတာ္ေတာ္ၾကာၾကာ ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာေတြ႕ျမင္ခဲ့ရတဲ့ ဝါရင့္သ႐ုပ္ေဆာင္တစ္ေယာက္ပါ။

ေဒၚထိပ္တင္ထားကေတာ့ အေမမ်ား အဖြဲ႕ရဲ့အဖြဲ႕ဝင္တစ္ဦးလည္းျဖစ္ၿပီး အႏုပညာရွင္ေတြက ေလးစားခ်စ္ခင္ရတဲ့ သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဇာတ္ပို႔ဇာတ္ရံ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ အိတုံကလည္း ေဒၚထိပ္တင္ထား ကြယ္လြန္သြားတဲ့ အတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္းနဲ႔ “အေမထားေကာင္းရာဘုံဘဝေရာက္ပါေစ”လို႔ သူ႔ရဲ့လူမႈကြန္ရက္ စာမ်က္ႏွာကေန ဝမ္းနည္းစြာနဲ႔ေဖာ္ျပထားခဲ့ပါေသးတယ္။

ေဒၚထိပ္တင္ထား ဆုံးပါးကြယ္လြန္သြားတဲ့ သတင္းေလးေလးေၾကာင့္ သူရဲ့မိသားစုနဲ႔ ထပ္တူႏွေျမာတသဝမ္းနည္းေၾကကြဲရၿပီး အေမထားတစ္ေယာက္ ေကာင္းရာဘုံဘဝကို ေရာက္ရွိေစဖို႔ ဆုေတာင္းေပးလိုက္ပါတယ္။ပရိသတ္ႀကီးေတြအတြက္လည္း ဒီသတင္းေလးကို စိတ္မေကာင္းဝမ္းနည္းစြာနဲ႔ျပန္လည္မၽွေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။