
Posted on





Credit;

သူမရဲ့အသက်တစ်နှစ်ကြီးသွားတဲ့ မွေးနေ့ပွဲလေးကို အိမ်မှာမိသားစုနဲ့ပျော်ရွှင်စွာကျင်းပခဲ့တဲ့ သရုပ်ဆောင်နန်းရွှေရည်

ပရိတ်သတ်ကြီးရေ၊ အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင် နန်းရွှေရည်က မွေးနေ့ပွဲလေးကို နေအိမ်မှာပဲ မိသားစုနဲ့အတူတူ ရိုးရိုးရှင်းရှင်းလေး ကျင်းပခဲ့တဲ့ အကြောင်းကိုအခုလိုပြန်လည်ပြောပြလာခဲ့ပါတယ်နော်။

သရုပ်ဆောင် နန်းရွှေရည်က အသက်တစ်နှစ်ကြီးသွားပြန်ပြီ၊ ဒီနေ့လေးပေါ့ လွန်ခဲ့တဲ့နှစ်များစွာက မေမေ့အတွက်တော့သေမင်းနဲ့ စစ်ခင်းရင်းနာကျင်မှု့များစွာနဲ့ လူ့လောကထဲရောက်အောင်မွေးဖွားပေးခဲ့တယ်၊ မွေးနေ့ရှင်ကကိုယ်ဆိုပေမယ့် မွေးနေ့ပိုင်ရှင်ကမေမေပါပဲ ။

မွေးနေ့ရောက်တိုင်း မိသားစုလေးကျန်းမာကောင်းမွန်စွာနဲ့အတူတူ ရှင်သန်နေထိုင်ခွင့် ရနေသေးတာဟာ ကိုယ့် အတွက်တော့ အကြီးမားဆုံးနဲ့အပြည့်စုံဆုံး လက်ဆောင်မွန်ပါပဲ ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit;