
Posted on





Credit;

သူမရဲ့ သူငယ်ချင်းမွေးနေ့ပွဲမှာ ရေလေးတစ်ဗူးပဲသောက်ခဲ့ရတဲ့ သနားစရာအဖြစ်ကို ပြောပြလာတဲ့ သရုပ်ဆောင်သွန်းဆက်

ပရိသတ်ကြီးရေ သရုပ်ဆောင်သွန်းဆက်ဟာဆိုရင် အမိုက်စားသရုပ်ဆောင်ကွက်တွေနဲ့အတူ ကျရာဇာတ်ရုပ်မှာပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့လို့ အနုပညာလောကမှာနာမည်တစ်လုံးကိုတည်ဆောက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်နော်။

ဒီကနေ ့မှာတော့ သွန်းဆက်က သူမရဲ့ပွဲတက် ပုံရိပ်လေးတွေကို မျှဝေခဲ့ပြီး အလှအပကို အရမ်း ထိန်းသိမ်းခဲ့တဲ့ သူမရဲ့အဖြစ်ကို ပြောပြလာခဲ့ပါတယ်။ သွန်းဆက်က “ဒါကတော့ သူငယ်ချင်းမင်္ဂလာဆွမ်းကျွေးသွားပြီး Diet Plan ပျက်မှာဆိုးလို့ အရမ်းကြိုက်တဲ့ ထောပတ်ထမင်းမစားပဲ … “ ရေသောက်နေတာ အမှတ်တရ “ မို့ သူငယ်ချင်းက မှတ်တမ်းတင်ပေးထားသောပုံ အဆင့်ဆင့် 😂🤪🤭” ဆိုပြီး သူမရဲ့ ဖြစ်ပုံလေးကို မျှဝေလာပါတယ်။

သွန်းဆက် ကတော့ အရင်က ပြည့်ပြည့်လေးနဲ့ ချစ်စရာကောင်းတယ် ဆိုပေမယ့် အခုလို ကိုယ်ရည်စစ်သွားတဲ့အချိန်မှာလည်း အများကြီးချောလာခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း သွန်းဆက်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

Credit;