
Posted on





Source – Nay Win
Credit; – CeleZone

ဒီကနေ့မှာပဲ ချစ်သူသက်တမ်း ၁၃နှစ်ပြည့်သွားပြီဖြစ်ကြောင်း ချစ်စရာပုံရိပ်တွေနဲ့အတူ ပြသလာတဲ့ နေဝင်းတို့စုံတွဲ

ပရိသတ်ကြီးရေ နေဝင်း ကတော့ Snare အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။နေဝင်းနဲ့ သူ့ရဲ့ဇနီးချောလေးကတော့ မနေ့ကဒီဇင်ဘာလ (၂၅)ရက်နေ့လေးမှာ ချစ်သူသက်တမ်း(၁၃)နှစ်ပြ ည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

နေဝင်းရဲ့ ဇနီးချောလေးဖြစ်တဲ့ အိမ့်ချစ်ချော ကတော့ ခရီးသွား Blogger တစ်ယောက် အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားသူပါ။ နေဝင်းနဲ့ အိမ့်ချစ်ချောကတော့ မနေ့က (၁၃)နှစ်ပြည့်နေ့လေးမှာ နှစ်ယောက်သားအတူတူ ဝိုင်လေးသောက်ပြီး အမှတ်တရလေးတွေပြန်ပြောရင်းဖြတ်သန်းခဲ့ကြောင်းနေဝင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

နှစ်ပတ်လည်နေ့လေး လည်းဖြစ်သလို ခရစ္စမတ်နေ့လေးလည်းဖြစ် တာကြောင့် ခရစ္စမတ်ဝတ်စုံလေးနဲ့ ရိုက်ကူးထားခဲ့တဲ့ စုံတွဲပုံလေးတွေကိုလည်း မျှဝေဖော်ပြလာ ခဲ့ပါတယ်။ ပရိသတ်ကြီးရေ နေဝင်းနဲ့ အိမ့်ချစ်ချောတို့စုံတွဲလေးအတွက် မင်္ဂလာဆုတောင်းစကားလေးတွေ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Nay Win
Credit; – CeleZone