
Posted on





Credit;

ဖခင်ဖြစ်သူရဲ့နောက်ဆုံးထားခဲ့တဲ့ အမှတ်တရအမွေအနှစ်လေးတစ်ခုကို ခုထိအသုံးပြုနေကြောင်း ပုံနှင့်တကွပြသလာတဲ့ မိကွန်ထော

ထူးအိမ်သင်ရဲ့ သမီးလေး မိကွန်ထော ကလည်း တိုင်းရင်းသူလေးတစ်ယောက်ပီပီ အရမ်းကိုချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထား သူလေးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိနေဆဲဖြစ်တဲ့ မိကွန်ထောဟာ ဒီကနေ့ မှာတော့ ပရိသတ်တွေအတွက် သူမရဲ့ဓာတ်ပုံတစ်ခုကို မျှဝေပေးလာခဲ့ပါတယ်။ မိကွန်ထောက သူမရဲ့ဖေဖေ ထူးအိမ်သင်ရဲ့ ဆွယ်တာကို အမြတ်တနိုးသိမ်းဆည်းထားပြီး သူမရဲ့လက်ရှိအသက်အရွယ်မှာ တန်ဖိုးထားပြီးဝတ်ဆင်နေလျက်ရှိကြောင်းကို ပြသလာခဲ့တာပဲ ဖြစ်ပါတယ်။

မိကွန်ထော ကတော့ အရမ်းချစ်စရာကောင်းတာဖြစ်ပြီး တစ်နေ့တစ်ခြားပန်းလေးတစ်ပွင့်လို လန်းဆန်းနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဖေဖေထူးအိမ်သင်သာ အသက်ရှင်လျက်ရှိမယ်ဆိုရင်လည်း သမီးလေးမိကွန်ထောကို တုန်နေအောင်ချစ်ရှာမယ်ဆိုတာ သေချာပါတယ်။

Credit;