လက္ကေလးကအနာနဲ႕ပတ္သက္ၿပီး တစ္သက္လံုးမွတ္သြားေစတဲ့ သင္ခန္းစာတစ္ခုရရွိလိုက္ေၾကာင္း ေျပာျပလာတဲ့ ေမမီကိုကို

Posted on

လက္ကေလးကအနာနဲ႕ပတ္သက္ၿပီး တစ္သက္လံုးမွတ္သြားေစတဲ့ သင္ခန္းစာတစ္ခုရရွိလိုက္ေၾကာင္း ေျပာျပလာတဲ့ ေမမီကိုကို

ပရိသတ္ႀကီးေရ ေမမီကိုကို ကေတာ့ ပရိသတ္ေတြရဲ့ ခ်စ္ခင္မႈကို အျပည့္အဝ ရရွိထားခဲ့တဲ့ ပရိသတ္ အခ်စ္ေတာ္ မင္းသမီးတစ္လက္ပဲျဖစ္ပါတယ္။ မေန႔ကေတာ့ ေမမီကိုကိုက သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန လက္ေခ်ာင္းေလးမွာ ခ်ဳပ္ရိုးျဖည္ခဲ့ရေၾကာင္ မၽွေဝေဖာ္ျပလာခဲ့ပါတယ္။

ပရိသတ္ေတြ ကေတာ့ ေမမီကိုကိုရဲ့ ဒီပုံေလးကိုေတြ႕ၿပီး စိုးရိမ္ၾကၿပီး ေမးျမန္းခဲ့ၾက တာေၾကာင့္ ေမမီကိုကိုက “လက္ခ်ဳပ္ရိုးျဖည္တာနဲ႔ ပတ္သက္ၿပီး စိုးရိမ္ေပးၾကတဲ့ အခ်စ္ေတြ အကုန္လုံးေက်းဇူးတင္ ပါတယ္ေနာ္။ လက္က(၁၁)လပိုင္း(၂၆)ရက္ေန႔က ဓားရွတာပါ ရွရာေလးကေသြးေတာင္ မထြက္ပါဘူး။ ဓားရွတာလည္း ဘာမွမထူးဆန္းမႈမို႔ေပါဆမိပါတယ္။ လက္အဆစ္ေနရာျဖစ္ တာေၾကာင့္ရယ္ ပိုးဝင္ၿပီး ျပည္ကိုက္သြားတာေၾကာင့္ရယ္ Operation ေလးဝင္ခဲ့ၾကပါတယ္။ ျပည္ကိုျခစ္ထုတ္႐ုံမဟုတ္ဘဲ။ အသားပါ လွီးထုတ္ရတဲ့အတြက္ေၾကာင့္ ခ်ဳပ္ရိုးျဖည္ရတဲ့ရက္ေလးၾကာသြားခဲ့တာပါ။ အဓိကကေတာ့ လက္ဆစ္ေနရာေလးျဖစ္သြားတာေၾကာင့္ ပိုးဝင္တာလြန္သြားရင္ လက္ျဖတ္ရတဲ့အေနအထားထိ ျဖစ္သြားနိုင္ပါတယ္” ဆိုၿပီး သာမန္ဓာရွဒဏ္ရာေလာက္ဆိုၿပီး ေပါ့ဆလိုက္တာကေန အခုလိုေတြအထိျဖစ္ခဲ့ေၾကာင္းေျပာျပလာခဲ့ပါတယ္။

ေမမီကိုကိုကေတာ့ သူၾကဳံေတြ႕ခဲ့ရတာေတြေၾကာင့္ ဘယ္အနာမဆိုေသးေသးေလးဆိုၿပီး မေပါ့ဆၾကဖို႔နဲ႔ ဘာမဟုတ္တာေလးကေန အဆိုးရြားဆုံးေတြျဖစ္သြားတတ္တာမို႔ ပရိသတ္ေတြလည္း ဂ႐ုစိုက္ၾကဖို႔ အႀကံေပးထားခဲ့ပါေသးတယ္ပရိသတ္ႀကီးေရ။

CRD – CeleZone

လက်ကလေးကအနာနဲ့ပတ်သက်ပြီး တစ်သက်လုံးမှတ်သွားစေတဲ့ သင်ခန်းစာတစ်ခုရရှိလိုက်ကြောင်း ပြောပြလာတဲ့ မေမီကိုကို

ပရိသတ်ကြီးရေ မေမီကိုကို ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားခဲ့တဲ့ ပရိသတ် အချစ်တော် မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ မနေ့ကတော့ မေမီကိုကိုက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ လက်ချောင်းလေးမှာ ချုပ်ရိုးဖြည်ခဲ့ရကြောင် မျှဝေဖော်ပြလာခဲ့ပါတယ်။

ပရိသတ်တွေ ကတော့ မေမီကိုကိုရဲ့ ဒီပုံလေးကိုတွေ့ပြီး စိုးရိမ်ကြပြီး မေးမြန်းခဲ့ကြ တာကြောင့် မေမီကိုကိုက “လက်ချုပ်ရိုးဖြည်တာနဲ့ ပတ်သက်ပြီး စိုးရိမ်ပေးကြတဲ့ အချစ်တွေ အကုန်လုံးကျေးဇူးတင် ပါတယ်နော်။ လက်က(၁၁)လပိုင်း(၂၆)ရက်နေ့က ဓားရှတာပါ ရှရာလေးကသွေးတောင် မထွက်ပါဘူး။ ဓားရှတာလည်း ဘာမှမထူးဆန်းမှုမို့ပေါဆမိပါတယ်။ လက်အဆစ်နေရာဖြစ် တာကြောင့်ရယ် ပိုးဝင်ပြီး ပြည်ကိုက်သွားတာကြောင့်ရယ် Operation လေးဝင်ခဲ့ကြပါတယ်။ ပြည်ကိုခြစ်ထုတ်ရုံမဟုတ်ဘဲ။ အသားပါ လှီးထုတ်ရတဲ့အတွက်ကြောင့် ချုပ်ရိုးဖြည်ရတဲ့ရက်လေးကြာသွားခဲ့တာပါ။ အဓိကကတော့ လက်ဆစ်နေရာလေးဖြစ်သွားတာကြောင့် ပိုးဝင်တာလွန်သွားရင် လက်ဖြတ်ရတဲ့အနေအထားထိ ဖြစ်သွားနိုင်ပါတယ်” ဆိုပြီး သာမန်ဓာရှဒဏ်ရာလောက်ဆိုပြီး ပေါ့ဆလိုက်တာကနေ အခုလိုတွေအထိဖြစ်ခဲ့ကြောင်းပြောပြလာခဲ့ပါတယ်။

မေမီကိုကိုကတော့ သူကြုံတွေ့ခဲ့ရတာတွေကြောင့် ဘယ်အနာမဆိုသေးသေးလေးဆိုပြီး မပေါ့ဆကြဖို့နဲ့ ဘာမဟုတ်တာလေးကနေ အဆိုးရွားဆုံးတွေဖြစ်သွားတတ်တာမို့ ပရိသတ်တွေလည်း ဂရုစိုက်ကြဖို့ အကြံပေးထားခဲ့ပါသေးတယ်ပရိသတ်ကြီးရေ။

CRD – CeleZone