သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဖြစ်သူ ဆုံးပါးကွယ်လွန်သွားတဲ့ သတင်းလေးကို ပရိသတ်တွေလည်း ကြားသိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဒီနေ့မှာတော့ နန်းမြတ်က ခင်ပွန်း ဆုံးရှုံးလိုက်ရတာနဲ့ ပတ်သက်ပြီး သူရဲ့ခံစားချက်တွေကို ဝမ်းနည်းစွာနဲ့ ဖော်ပြလာခဲ့ပါတယ်။
“ကျွန်မရဲ့ဆုံးရှူံးမှုကလျှင်မြန်ကြီးမားလွန်းလို့ပြောစရာ စကားလုံးရှာမရအောင်ပါပဲ။ ခုချိန်မှာလဲရင်ထဲမှာဘယ်လိုခံစားနေရမယ် ဘယ်လောက်လွမ်းနေမယ်ဆိုတာ ကြုံဖူးသူမှလွဲ ဘယ်သူမှကိုယ်ချင်းစာနိုင်မှာမဟုတ်ပါဘူး။ လူဆိုတာမွေးလာရင် သေချာတာကသေဖို့ပါပဲ။ ကျန်ခဲ့တဲ့သူကတော့အကောင်းဆုံးရှင်သန်ရမှာပါ။သူ့အတွက်ပါပေါင်းပီး၂ဆ ကျမအကောင်းဆုံးရှင်သန်မှာပါ။
သူထားခဲ့တဲ့သူ့ကိုယ်ပွားလေးတွေရဲ့လက်ကိုမြဲမြဲတွဲပီးကျမအကောင်းဆုံးရှင်သန်ပါမယ်။ ကျွန်မကိုအရမ်းချစ်တဲ့ သူမရှိတော့လို့ကျမပိုပင်ပန်းမှာပါ။ ဒါပေမယ့်ဒါတွေဟာ လောကဓံပါ။ သံသရာကမလွတ်မြောက်နိုင်သေးသ၍ လောကဓံကနှိပ်စက်တဲ့ဒဏ်ကိုခံနေကြရမှာပါပဲ။
ကျွန်မအတွက်သူထားခဲ့တဲ့(၄) နှစ်တာgood memories တွေကအဖိုးမဖြတ်နိုင်အောင်ပါပဲ။ ပြန်စဉ်းစားကြည့်တော့ ရန်ဖြစ်ရတာလဲမရှိ စိတ်ဆင်းရဲရတာလဲ မရှိခဲ့တဲ့(၄) နှစ်တာကာလကိုပိုတန်ဖိုးထားမိပါတယ်။ သူနေမကောင်းချိန် သူ့ရဲ့နောက်ဆုံးချိန်မှာလဲ သားစွဲမယားစွဲမဖြစ်အောင် သံသရာအတွက် ကောင်းအောင်ကျမ တည်တည်ငြိမ်ငြိမ်နဲ့ ရာနှုန်းပြည့် လုပ်ပေးလိုက်နိုင်တယ်။ သူလည်းညှင်ညှင်သာသာ ပျော့ပျော့ ပျောင်းပျောင်းနဲ့အသက်ထွက်သွားနိုင်ခဲ့တယ်။ သူက စိတ်ထားကောင်းသူ အကုသိုလ်စိတ်နည်းသူ ကူညီတတ်သူမို့ သုခဘုံကိုရောက်မယ်လို့ ကျမအပြည့်အဝယုံကြည်တယ်။
ရှည်လွန်းလှတဲ့ သံသရာမှာဘဝကူးကောင်းဖို့ကလဲအရေးကြီးပါတယ်။ ဘာတွေပဲတွေ့ကြုံရပါစေ ကျွန်မသူ့အတွက် ပါပေါင်းပီး အကောင်းဆုံး ကြိုးစားရှင်သန်ပါမယ်။သတိရတယ် လွမ်းတယ်ဆိုတာ ထက်ပိုပါတယ်ယောက်ျားရေ ရက်စွဲလေးကလှသလောက်(21.8.21)”ဆိုပြီး ခင်ပွန်းဖြစ်သူမရှိပေမဲ့ ဘဝကို အကောင်းဆုံး ဆက်လက်ရပ်တည် သွားမှာဖြစ်ကြောင်း ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။
Zawgyi Version
သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး နန္းျမတ္ၿဖိဳးသင္းရဲ့ ခင္ပြန္းျဖစ္သူ ဆုံးပါးကြယ္လြန္သြားတဲ့ သတင္းေလးကို ပရိသတ္ေတြလည္း ၾကားသိၿပီးသားျဖစ္မယ္ထင္ပါတယ္။ ဒီေန႔မွာေတာ့ နန္းျမတ္က ခင္ပြန္း ဆုံးရႈံးလိုက္ရတာနဲ႔ ပတ္သက္ၿပီး သူရဲ့ခံစားခ်က္ေတြကို ဝမ္းနည္းစြာနဲ႔ ေဖာ္ျပလာခဲ့ပါတယ္။
“ကၽြန္မရဲ့ဆုံးရႉံးမႈကလၽွင္ျမန္ႀကီးမားလြန္းလို႔ေျပာစရာ စကားလုံးရွာမရေအာင္ပါပဲ။ ခုခ်ိန္မွာလဲရင္ထဲမွာဘယ္လိုခံစားေနရမယ္ ဘယ္ေလာက္လြမ္းေနမယ္ဆိုတာ ၾကဳံဖူးသူမွလြဲ ဘယ္ သူမွကိုယ္ခ် င္းစာနိုင္မွာမဟုတ္ပါဘူး။ လူဆိုတာေမြးလာရင္ ေ သခ်ာတာကေသဖို႔ပါပဲ။က်န္ ခဲ့တဲ့သူကေတာ့အေကာင္းဆုံးရွင္သန္ ရမွာပါ။သူ႔အတြက္ပါေပါင္းပီး၂ဆ က် မအေကာင္းဆုံးရွင္သန္မွာပါ။
သူထားခဲ့တဲ့သူ႔ကိုယ္ပြားေလးေတြရဲ့လက္ကိုျမဲျမဲတြဲပီးက်မအေကာင္းဆုံးရွင္သန္ပါမယ္။ ကၽြန္မကိုအရမ္းခ်စ္တဲ့ သူမရွိေတာ့လို႔က်မပိုပင္ပန္းမွာပါ။ ဒါေပမယ့္ဒါေတြဟာ ေလာကဓံပါ။ သံသရာကမလြတ္ေျမာက္နိုင္ေသးသ၍ ေလာကဓံကႏွိပ္စက္တဲ့ဒဏ္ကိုခံေနၾကရမွာပါပဲ။
ကၽြန္မအတြက္သူထားခဲ့တဲ့(၄) ႏွစ္တာgood memories ေတြကအဖိုးမျဖတ္နိုင္ေအာင္ပါပဲ။ ျပန္စဥ္းစားၾကည့္ေတာ့ ရန္ျဖစ္ရတာလဲမရွိ စိတ္ဆင္းရဲရတာလဲ မရွိခဲ့တဲ့(၄) ႏွစ္တာကာလကိုပိုတန္ဖိုးထားမိပါတယ္။ သူေနမေကာင္းခ်ိန္ သူ႔ရဲ့ေနာက္ဆုံးခ်ိန္မွာလဲ သားစြဲမယားစြဲမျဖစ္ေအာင္ သံသရာအတြက္ ေကာင္းေအာင္က်မ တည္တည္ၿငိမ္ၿငိမ္နဲ႔ ရာႏႈန္းျပည့္ လုပ္ေပးလိုက္နိုင္တယ္။ သူလည္းညႇင္ညႇင္သာသာ ေပ်ာ့ေပ်ာ့ ေပ်ာင္းေပ်ာင္းနဲ႔အသက္ထြက္သြားနိုင္ခဲ့တယ္။ သူက စိတ္ထားေကာင္းသူ အကုသိုလ္စိတ္နည္းသူ ကူညီတတ္သူမို႔ သုခဘုံကိုေရာက္မယ္လို႔ က်မအျပည့္အဝယုံၾကည္တယ္။
ရွည္လြန္းလွတဲ့ သံသရာမွာဘဝကူးေကာင္းဖို႔ကလဲအေရးႀကီးပါတယ္။ ဘာေတြပဲေတြ႕ၾကဳံရပါေစ ကၽြန္မသူ႔အတြက္ ပါေပါင္းပီးအေကာင္းဆုံးႀကိဳးစားရွင္သန္ပါမယ္။သတိရတယ္ လြမ္းတယ္ဆိုတာ ထက္ပိုပါတယ္ေယာက္်ားေရ ရက္စြဲေလးကလွသေလာက္(21.8.21)”ဆိုၿပီး ခင္ပြန္းျဖစ္သူမရွိေပမဲ့ ဘဝကို အေကာင္းဆုံး ဆက္လက္ရပ္တည္ သြားမွာျဖစ္ေၾကာင္း ေဖာ္ျပထားခဲ့တာပဲျဖစ္ပါတယ္ ပရိသတ္ႀကီးေရ။