
Posted on





Credit;

မွေးနေ့မတိုင်ခင်နေ့လေးမှာLive Saleရောင်းနေချိန် သိန်းရာချီတန်အမိုက်စားအိတ်ကြီးနဲ့ စပရိုက်အတိုက်ခံလိုက်ရတဲ့ မေပန်းချီရဲ့ဗီဒီယို

ပရိသတ်ကြီးရေ သရုပ်ဆောင်မေပန်းချီကတော့ သူမရဲ့မွေးနေ့လေးကို မိခင်ကြီးအားသတိရခြင်းများစွာနဲ့ဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။ မေပန်းချီဟာ Live Sale တစ်ခါရောင်းရင်း သိန်းကိုထောင်ချီရောင်းချနိုင်တာမို့ လုပ်ငန်းရှင်တွေရဲ့ သဘောကျခြင်းခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီကနေ့ ဒီဇင်ဘာလ (၁၃) ရက်နေ့ ကတော့ မေပန်းချီရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မေပန်းချီက သူမရဲ့ မွေးနေ့မတိုင်ခင် မနေ့က ရောင်းချတဲ့ ရတနာ Live Sale မှာ ရတနာဆိုင်ပိုင်ရှင်က သိန်းရာချီတန်တဲ့ LV အိတ်ကြီးနဲ့ Surprise တိုက်ခဲ့တာကြောင့် “အရင်ဆုံးရတဲ့ birthday present Bkk ရောက်တုန်း သိန်း(100)ဝန်းကျင်လောက်ရှိတာမို့ ကိုင်ပြီးပြန်ချခဲ့တဲ့ အိတ်လေး.. အရမ်းပျော်ရပါတယ် မမရေး🙏🏻🙏🏻🙏🏻🥹😍😍😍❤️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်မှာ မျှဝေပေးလာခဲ့ပါတယ်။

မေပန်းချီ ကတော့ မွေးနေ့မှာ ချစ်ရတဲ့ မိတ်ဆွေတွေဆီကနေ အမှတ်တရလက်ဆောင်တွေအပြင် အခုလိုတန်ဖိုးကြီးအိတ်ကြီးပါ လက်ဆောင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေပန်းချီရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်နော်။

Credit;