
Posted on





CRD – CeleZone

ကတုံးလေးနဲ့ချစ်စရာကောင်းနေတဲ့ သားလေးရဲ့ပုံရိပ်တွေကို ပရိသတ်ကြီးအားပြသလာတဲ့ အဆိုတော်ဗီဗာဟိန်း

ပရိသတ်ကြီးရေ ဗီဗာဟိန်း ကတော့ အဆိုတော် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ ဗီဗာဟိန်းကတော့ လက်ရှိမှာ အိမ်ထောင်ကျပြီး ချစ်စရာကောင်းလှတဲ့ သားလေးနဲ့ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားပါတယ်။

ဗီဗာဟိန်းရဲ့ သားလေး ကတော့ လသားအရွယ်လေးသာရှိသေးပေမဲ့ မေမေဗီဗာဟိန်းလိုပဲချစ်ဖို့ကောင်းတာကြောင့် ပရိသတ်အချစ်တော်လေးဖြစ်နေခဲ့ပါသေးတယ်။ သားလေးကိုပရိသတ်တွေက ချစ်ကြတဲ့ အတွက်မေမေဗီဗာဟိန်းကတော့ ပီတိတွေဖြစ်နေခဲ့ပြီး အမြဲလိုလို သားလေးရဲ့ ပုံလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြပေးလေ့ရှိတယ်။

ဒီနေ့မှာလည်း မေမေဗီဗာဟိန်း ကတော့ သားလေးကို ကတုံးတုံးပေးထားပြီး ကတုံးလေးနဲ့ ချစ်စရာကောင်းနေတဲ့ သားလေးကို ပုံလေးရိုက်ပြီးချစ်ကြတဲ့ ပရိသတ်တွေအတွက် မျှဝေဖော်ပြပေးလာခဲ့ပါတယ်။ ပရိသတ်ကြီးရေ ကတုံးလေးနဲ့တောင်ချစ်ဖို့ကောင်းနေတဲ့ ဗီဗာဟိန်းရဲ့ သားလေးကတော့ တကယ်ကို ချစ်မွှေးပါတာပဲနော်။

CRD – CeleZone