ဗိုလ်တစ်ထောင်ဘုရားမှာ အနုပညာရှင်များနဲ့အတူ ကောင်းမှုကုသိုလ်တွေပြုလုပ်နေတဲ့ မင်းသားကြီးခန့်စည်သူ
Posted on
ဗိုလ်တစ်ထောင်ဘုရားမှာ အနုပညာရှင်များနဲ့အတူ ကောင်းမှုကုသိုလ်တွေပြုလုပ်နေတဲ့ မင်းသားကြီးခန့်စည်သူ
Credit;
ဗိုလ်တစ်ထောင်ဘုရားမှာ အနုပညာရှင်များနဲ့အတူ ကောင်းမှုကုသိ်ုလ်တွေပြုလုပ်နေတဲ့ မင်းသားကြီးခန့်စည်သူ
ပရိသတ်ကြီးရေ မင်းသားချောခန့်စည်သူ ဟာတော့ အခုထိလူပျိုကြီးဘဝနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်နော်။လက်ရှိမှာတော့ အနုပညာအလုပ်တွေရပ်နားထားပြီး ပရဟိတနဲ့ကုသိုလ်ရေးရာတွေကိုအားစိုက်ကာပြုလုပ်နေတာပဲဖြစ်ပါတယ်။
ခန့်စည်သူက “ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် မြတ်စွာဘုရားရှင်အား အမှူးပြု၍ နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ဝင်ဆရာတော်ကြီးများ၊ဩဝါဒါစရိယ ဆရာတော်ကြီးများ၊တိပိဋက ဓမ္မဘဏ္ဍဂါရိက ဆရာတော်ကြီးများ၊တောင်တန်းသာသနာပြုဆရာတော်ကြီးများ၊ဓမ္မရိပ်သာနှင့်စာသင်တိုက်များမှ ဆရာတော်ကြီးများ အပါအဝင် ဆရာတော် သံဃာတော်(၁၀၈)ပါးနှင့် သီလရှင်(၃၆)ပါးတို့အား သံဃအသုံးအဆောင်၊သီလရှင်အသုံးအဆောင် ၊ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများဖြင့် လောင်းလှူပူဇော် ကုသိုလ်ယူခဲ့ကြပါတယ်။ ယနေ့ပြုပြုခဲ့သမျှ ကုသိုလ်အစုစုတို့၏ အဖို့ဘာဂကို (၇) ရက်သား၊သမီးအပေါင်း သူတော်ကောင်းများအား မျှဝေပါကုန်၏။ သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ။ ။” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။
ခန့်စည်သူ ကတော့ လစဉ်လ တိုင်းလိုလို ကုသိုလ်တွေပြုရင်း အကျိုးရှိရှိဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခန့်စည်သူရဲ့ ကုသိုလ်လေးကိုကြည့်ပြီး ထပ်တူပီတိဖြစ်ဝမ်းသာနေကြမယ် ထင်ပါတယ်နော်။
Credit;