အစားထိုးမရနိုင်တဲ့ ဖွေးဖွေးရဲ့ ဆုံးရှုံးမှုကြောင့် ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိကြောင်းနဲ့ အားပေးစကားပြောလာခဲ့တဲ့ ခိုင်သင်းကြည်

Posted on

ပရိသတ်ကြီးရေ မနေ့က သြဂုတ်လ ၁၉ ရက်နေ့က ဖွေးဖွေးရဲ့ ဖခင်ကြီး ကိုဗစ်ကြောင့် ရုတ်တရက် ဆုံးပါးကွယ်လွန်သွားခဲ့တဲ့ သတင်းလေးကို ပရိသတ်တွေလည်း ကြားသိပြီးသား ဖြစ်မယ်ထင်ပါတယ်။ ဖွေးဖွေးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူအရမ်းချစ်ရတဲ့ အဖွားဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး အဖေဖြစ်သူကိုထပ်မံဆုံးရှုံး လိုက်ရတာပဲဖြစ်ပါတယ်။

ဖွေးဖွေးရဲ့ ကြီးမားလှတဲ့ ဆုံးရှုံးမှုကြောင့် အနုပညာရှင်မောင်နှမတွေရော ဖွေးဖွေးရဲ့ ပရိသတ်တွေရောက ထပ်တူ စိတ်မကောင်းဖြစ်နေခဲ့ကြပါသေးတယ်။

စိတ်မကောင်းဖြစ်နေကြတဲ့ အထဲမှာ ပရိသတ်အချစ်တော် ခိုင်သင်းကြည်ကလည်း အပါအဝင်ဖြစ်ပြီး ခိုင်သင်းကြည်က

“အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးအတွက် ဘယ်လိုစကားလုံးနဲ့ အားပေးစကားပြောရမှန်းတောင် မသိတော့ပါဘူးဖွေးရေ။ အဖေကိုအရမ်းချစ်သူမို့ အရမ်းခံစားနေရမယ်ဆိုတာ သိပါတယ်။ အန်ကယ်ကောင်းမွန်ရာ ဘုံဘဝရောက်ပါစေ။”ဆိုပြီး အဖေကိုအရမ်း ချစ်တာကြောင့် အခုဖခင် ဆုံးရှုံးရတဲ့အတွက် အားပေးစကား ပြောထားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးတို႕ထဲက ဖွေးဖွေးကိုချစ်ပြီး အားပေးကြတဲ့ ဖွေးဖွေးရဲ့ပရိသတ်တွေလည်း ဖခင်ကြီးကို အရမ်းချစ်တဲ့ ဖွေးလေး ဖခင်ကြီးကို ဆုံးရှုံးရတဲ့ အတွက် အစားထိုးမရလောက်အောင် ခံစားနေရမှာမို့ ဖွေးဖွေးကိုအတွက် အားပေးစကားလေး တွေပြောပေးခဲ့ကြပါဦးနော်။

Zawgyi Version





ပရိသတ်ကြီးတို့ထဲက ဖွေးဖွေးကိုချစ်ပြီး အားပေးကြတဲ့ ဖွေးဖွေးရဲ့ပရိသတ်တွေလည်း ဖခင်ကြီးကို အရမ်းချစ်တဲ့ ဖွေးလေး ဖခင်ကြီးကို ဆုံးရှုံးရတဲ့ အတွက် အစားထိုးမရလောက်အောင် ခံစားနေရမှာမို့ ဖွေးဖွေးကိုအတွက် အားပေးစကားလေး တွေပြောပေးခဲ့ကြပါဦးနော်။