
Posted on





Credit;

ဒီနေ့မှာကျရောက်တဲ့သူ့ရဲ့မွေးနေ့မှာ ချစ်စရာသမီးလေးနဲ့အတူ မိသားစုစုံလင်စွာနဲ့ဖြတ်သန်းခဲ့တဲ့ပုံရိပ်တွေကို ချပြလာတဲ့သူထူးစံ

သရုပ်ဆောင် သူထူးစံ ကတော့ ဗီဒီယို ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ရင်း “သမန်းကျား” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင် အကယ်ဒမီဆုကြီးကို လက် ဝယ်ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူထူးစံဟာ သရုပ်ဆောင် ထိုက် စုဝင်းနဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သမီးလေးတစ်ယောက်နဲ့ သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါ တယ်။

ဒီကနေ့ ဒီဇင်ဘာလ (၉) ရက်နေ့ကတော့ အကယ်ဒမီ သူထူးစံရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သူထူးစံ က သူ့ရဲ့ မွေးနေ့လေးမှာ ချစ် ဇနီး ထိုက်စုဝင်း၊ သမီးလေး ဖောင်းဖောင်းတို့နဲ ့အတူတူ ပျော်ပျော် ရွှင်ရွှင်လျှောက်လည်ပြီး မိသားစုပျော်ရွှင်စွာ အချိန်ကုန်ဆုံး နေလျက်ရှိတာကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်

သူထူးစံ ကတော့ အနုပညာမှာလည်း အောင်မြင်မှုရရှိနေသလို မိသားစုလေးကလည်း ပြီးပြည့်စုံပျော်ရွှင်တာမို့ ဘဝကြီးက သာသာ ယာယာရှိနေတာပဲ ဖြစ်ပါတယ်။ သူထူးစံတို့ မိသားစုလေး အခုလိုပဲ အမြဲတမ်း ထာဝရပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် နော်။

Credit;