Live Saleေရာင္းလို႕ပိုပို႕ကိုေ၀ဖန္ေနသူေတြကို ျပတ္ျပတ္သားသားျပန္လည္တံု႕ျပန္ ေခ်ပလိုက္တဲ့သ႐ုပ္ေဆာင္ေဒါင္းေ၀

Posted on

Live Saleေရာင္းလို႕ပိုပို႕ကိုေ၀ဖန္ေနသူေတြကို ျပတ္ျပတ္သားသားျပန္လည္တံု႕ျပန္ ေခ်ပလိုက္တဲ့သ႐ုပ္ေဆာင္ေဒါင္းေ၀

ပရိသတ္ႀကီးေရဇာတ္ပို႕သ႐ုပ္ေဆာင္ေဒါင္းေ၀ဟာဆိုရင္ အႏုပညာေလာကမွာ သူ႕ကိုခ်စ္ခင္အားေပးတဲ့ပရိသတ္ေတြအခိုင္အမာရရွိထားသူတစ္ေယာက္ျဖစ္ပါတယ္ေနာ္။ ဒီကေန႔မွာေတာ့ ေဒါင္းေဝက Live လႊင့္ေဈးေရာင္းၿပီး အလုပ္ေတြျပန္လည္လုပ္ကိုင္ေနၿပီျဖစ္တဲ့ ပိုပို႔ကို ေဝဖန္ရႈံ႔ခ်သူေတြကို သူ႔ရဲ့အျမင္နဲ႔ ျပန္လည္တုံ႔ျပန္ေပးလာခဲ့တာကို ေတြ႕ရပါတယ္။

ေဒါင္းေဝက “ပိုပိုကဘဝ သူ႔တစ္ေယာက္ထဲ ရပ္တည္ေနရတာ သူလုပ္မွသူစားရမွာ သူ႔ေရွ႕ေရးအတြက္ သူလုပ္သင့္တာလုပ္တာ လူတိုင္းေဈးေရာင္းေနၾက တာကို ဘာလိုက္ေလာင္ေနၾကတာလဲ တစ္ခ်ိဳ႕လူေတြ။” ဆိုၿပီး ပိုပိုဟာ မိဘေဆြမ်ိဳးမရွိသူမို႔ သူ႔ဘဝကို သူ႔ဘာသာရပ္တည္ေနရတာျဖစ္ၿပီး အခုလိုအခ်ိန္မွာ သူမအေနနဲ႔ လုပ္သင့္တာလုပ္ေနတယ္လို႔ ေျပာလာတာပဲ ျဖစ္ပါတယ္။

ေဒါင္းေဝ ကေတာ့ ပိုပိုနဲ႔ အရင္ကတည္းက ခင္မင္ရင္းႏွီးခဲ့သူျဖစ္ၿပီး ပိုပို တစ္ေယာက္ ဖမ္းဆီးခံခဲ့ရခ်ိန္မွာလည္း စိတ္မေကာင္းျဖစ္ခဲ့ရၿပီး အခုလို အလုပ္ေတြျပန္လည္လုပ္ကိုင္လာခ်ိန္ မွာလည္း စိတ္ရင္းနဲ႔နားလည္ေပးခဲ့တာပဲ ျဖစ္ပါတယ္။

Credit;

Live Saleရောင်းလို့ပိုပို့ကိုဝေဖန်နေသူတွေကို ပြတ်ပြတ်သားသားပြန်လည်တုံ့ပြန် ချေပလိုက်တဲ့သရုပ်ဆောင်ဒေါင်းဝေ

ပရိသတ်ကြီးရေဇာတ်ပို့သရုပ်ဆောင်ဒေါင်းဝေဟာဆိုရင် အနုပညာလောကမှာ သူ့ကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေအခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်ပါတယ်နော်။ ဒီကနေ့မှာတော့ ဒေါင်းဝေက Live လွှင့်ဈေးရောင်းပြီး အလုပ်တွေပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ ပိုပို့ကို ဝေဖန်ရှုံ့ချသူတွေကို သူ့ရဲ့အမြင်နဲ့ ပြန်လည်တုံ့ပြန်ပေးလာခဲ့တာကို တွေ့ရပါတယ်။

ဒေါင်းဝေက “ပိုပိုကဘဝ သူ့တစ်ယောက်ထဲ ရပ်တည်နေရတာ သူလုပ်မှသူစားရမှာ သူ့ရှေ့ရေးအတွက် သူလုပ်သင့်တာလုပ်တာ လူတိုင်းဈေးရောင်းနေကြ တာကို ဘာလိုက်လောင်နေကြတာလဲ တစ်ချို့လူတွေ။” ဆိုပြီး ပိုပိုဟာ မိဘဆွေမျိုးမရှိသူမို့ သူ့ဘဝကို သူ့ဘာသာရပ်တည်နေရတာဖြစ်ပြီး အခုလိုအချိန်မှာ သူမအနေနဲ့ လုပ်သင့်တာလုပ်နေတယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။

ဒေါင်းဝေ ကတော့ ပိုပိုနဲ့ အရင်ကတည်းက ခင်မင်ရင်းနှီးခဲ့သူဖြစ်ပြီး ပိုပို တစ်ယောက် ဖမ်းဆီးခံခဲ့ရချိန်မှာလည်း စိတ်မကောင်းဖြစ်ခဲ့ရပြီး အခုလို အလုပ်တွေပြန်လည်လုပ်ကိုင်လာချိန် မှာလည်း စိတ်ရင်းနဲ့နားလည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Credit;