
Posted on





Credit;

အရင်ကဇာတ်ကားတွေအတူတူရိုက်ခဲ့ဖူးတဲ့ သူငယ်ချင်းဖြစ်သူဆက်ဆက်နဲ့ပြန်လည်တွေ့ဆုံတဲ့ပုံရိပ်တွေကို ချပြလာတဲ့ လမင်းကဗျာ

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်လမင်းကဗျာဟာဆိုရင် အနုပညာလောကမှာ ဇာတ်ပို့ဇာတ်ရံအနေနဲ့ နာမည်တစ်ခုကိုရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

လမင်းကဗျာက လက်ရှိ မှာတော့ ပြင်ဦးလွင်မြို့ကိုရောက်ရှိနေလျက် ရှိတာဖြစ်ပြီး ပြင်ဦးလွင်ရောက်ခိုက် သူမရဲ့ ငယ်သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်လည်းဖြစ်တဲ့ သရုပ်ဆောင် ဆက်ဆက်နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ပြောလာပါတယ်။ လမင်းကဗျာက ဆက်ဆက်ဆီ သွားရောက် လည်ပတ်ခဲ့ပြီး ဆက်ဆက်ရဲ့ သမီးလေးနဲ့ ဓာတ်ပုံတွေရိုက်ခဲ့တာကိုလည်း အခုလိုပဲ တွေ့ရပါတယ်။

လမင်းကဗျာနဲ့ ဆက်ဆက်တို့ ကတော့ အရင်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ သူငယ်ချင်းခန်းတွေမှာ အတူတူသရုပ်ဆောင်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး ဆက်ဆက်က အိမ်ထောင်ကျ ကလေးမွေးသွားခဲ့တာကြောင့် အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်တောက်သွား ခဲ့တာပဲ ဖြစ်ပါတယ်။

Credit;