
Posted on





Credit;

အစီအစဉ်တင်ဆက်သူကောင်းထက်ဇော်နေရာမှာ အစားထိုးဝင်ခဲ့လို့ ဝေဖန်နေတဲ့သူတွေကို ပြတ်သားစွာပြန်လည်တုံ့ပြန်လိုက်တဲ့ စိုးထွန်းဝင်း

ပရိတ်သတ်ကြီးရေ MRTV-4နဲ့ Channel-7ရဲ့ ပင်တိုင်စံ အစီအစဉ်တင်ဆက်သူ ကတော့ ကောင်းထက်ဇော်ပဲ ဖြစ်ပါတယ်နော်။သူကတော့ Channelတွေ စတည် ထောင် ကတည်းက ဖျော်ဖြေရေး အစီစဉ်တိုင်းလိုလို မှာ ပါဝင်တင်ဆက်ခဲ့တာကြောင့် သူ့ရဲ့ စီစဉ်တင်ဆက် မှုအရည်အချင်းတာ အပိုအလိုမရှိ ကွက်တိဖြစ်နေတာ ပဲ ဖြစ်ပါတယ်။

ကောင်းထက်ဇော်ရဲ့ မိသားစု ပြိုင်ပွဲ အစီအစဉ်ဟာလဲ ပရိတ်သတ်တွေ အကြိုက်တွေ့တဲ့ TV showတစ်ခု ဖြစ် ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ထိုTV Showကို စီစဉ်တင်ဆက်သူ စိုးထွန်းဝင်းက ဆက်လက်တာဝန် ယူ စီစဉ်တင်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ပရိတ်သတ် တွေကတော့ ကောင်းထက်ဇော်နေရာမှာ အစားဝင် လာခဲ့တဲ့ စိုးထွန်းဝင်းဟာ လိုအပ်မှုရှိသေးကြောင်း ဝေဖန်မှုတွေ အပြင်းအထန်ရရှိခဲ့ပါတယ်။

ထိုဝေဖန်မှုတွေနဲ့ ပတ်သတ်ပြီး စိုးထွန်းဝင်းက ” အစီ အစဉ် တင်ဆက်တဲ့ အခါမှာ ကြိုက်ချင် းမကြိုက်ချင်း တွေကို ပြန်ကြားရတယ်။ကျွန်တော်အနေနဲ့က ဘယ်လိုအစီအစဉ်ဘဲ ရိုက်ရိုက်သေချာလေး လေ့လာ ပြင်ဆင်တယ်။ပြောနေကြတဲ့သူတွေကိုလည်း ချစ်တဲ့ စိတ်နဲ့ကောင်းစေချင်လို့ပြောတယ်လို့ဘဲ ခံယူပါ တယ်”ဆိုပြီး ဖြေရှင်းလာပါတယ်။

Credit;