
Posted on





Credit;

ပရိသတ်တွေကြားရေပန်းစားနေတဲ့ ဘောလိဝုဒ်မင်းသားကြီးရဲ့အကကိုတစ်ပုံစံတည်းကပြခဲ့တဲ့ ZELLရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ သရုပ်ဆောင် ZELLဟာဆိုရင်အနုပညာလောကမှာ အချိန်တိုအတွင်းအောင်မြင်မှုတွေရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။ဇာတ်ကားတွေနဲ့သီချင်းMV တွေများစွာရိုက်ကူးပြီး ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်။

လတ်တလောမှာလည်း ZELL ရဲ့ ဗီဒီယိုလေးတစ်ခုဟာ ပရိသတ်တွေကြား ပျံ့နှံ့ရေပန်းစားနေလျက်ရှိတာကို တွေ့ရပါတယ်။ ZELL က သူ့ရဲ့ ဆွေမျိုးနီးစပ်တော်သူတစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ သူ့အနေနဲ့ အကနဲ့ ဖျော်ဖြေဂုဏ်ပြုခဲ့တာဖြစ်ပြီး သူ့ရဲ့ဖခင်က ZELL ရဲ့ ဗီဒီယိုကို ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ခဲ့ရာမှ လူကြည့်များလာခဲ့တာပဲ ဖြစ်ပါတယ်။

ZELL ကတော့ ဘောလိဝုဒ်မင်းသားနဲ့ ရုပ်ရည်အသွင်အပြင်ချင်းတူရုံတင်မကပဲ အကပညာမှာလည်း မခေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ZELL ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျနှစ်ခြိုက်ကြမယ်လို့ ထင်ပါတယ်နော်။

Credit;