
Posted on





Credit;

ဘာဝင်ငွေမှမရှိတဲ့အချိန်ပြည်ပြေးဘဝနဲ့နေနေရတဲ့ သူမရဲ့ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒလေးတစ်ခုကို ပြောပြလာတဲ့ ဒေါက်တာမြဝတ်ရည်

ပရိသတ်ကြီးရေ ဒေါက်တာမြဝတ်ရည်ဟာဆိုရင်ပရိသတ်တွေကြားမှာမသိသူမရှိသလောက်ပဲဖြစ်ပါတယ်နော်။ချစ်စရာကောင်းတဲ့သမီးလေးကိုပိုင်ဆိုင်ထားပြီး အခုဆိုရင်တော့သူမရဲ့သမီးလေး Mia ကိုလည်း ဒီနေ့ဒီအချိန်ထိ နေအိမ်ရဲ့အဝေးမှာပဲ ပျိုးထောင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒေါက်တာမြဝတ်ရည်က သူမရဲ့ သမီးလေးကို ပြည့်ပြည့်စုံစုံ ထားချင်တဲ့အကြောင်း အခုလိုပဲ ပြောလာပါတယ်။

ဒေါက်တာမြဝတ်ရည်က “မနှစ်က ဒီနေ့ လို မနက်အစောကြီး ထပြီး ရန်ကုန်က စွန့်ခွါလာ ခဲ့စဉ်က မှတ်မှတ်ရရ အဲ့နေ့က ဒီတစ်ပုံပဲ ပုံရိုက်ဖြစ်တယ်။ ပုစုခရု အထုတ်လေးတွေနဲ့ ၄ လ ပြည့်ခါနီး Mia လေးကို ရင်ဝယ် ပိုက်ပြီး Do or Die စွန့်စားခဲ့ရတာ။ ပြန်တွေးကြည့်ရင် Mia လေးကြောင့် ကံကောင်းခဲ့ရတဲ့ ခရီး ဘဝမှာ စိတ်အလှုပ်ရှားဆုံးပေမယ့် အတည်ငြိမ်ဆုံး ဖြတ်သန်းခဲ့ရတဲ့နေ့ လမ်းမှာ စားဖို့ သွေးမတော် သားမစပ် အရင်က မြင်တောင်မမြင်ဖူး မသိဖူးတဲ့ အစ်မတစ်ယောက် ထည့်ပေးလိုက်တဲ့ ကြက်ဥပြုတ်နဲ့ Sandwich တွေကြောင့်သာပဲ နို့မို့ တစ်လမ်းလုံး ငတ်မှာ ကျေးဇူးတွေ တင်ရပါတယ်။ ရန်ကုန်ထဲမှာ ပုန်းနေခဲ့ချိန်တွေက သူစိမ်းသက်သက်တွေရဲ့ စောင်မစောင့်ရှောက်မှုနဲ့ Mia လေး မွေးလာခဲ့တာ ထူးခြားဖြစ်စဉ် ကံကောင်းရခြင်းပါပဲ ကျေးဇူးတွေ မမေ့ပါဘူး 🙏🙏🙏 အဖြစ်ချင်ဆုံးကတော့ သမီးလေးကို ပြည့်ပြည့်စုံစုံ ထားချင်တာပါပဲ သူ့မှာ ကား မြင်ရင် စီးချင်နေရှာတာ အလုပ်မရှိ ဝင်ငွေမရှိ ပြည်ပြေးဘဝနဲ့တော့ အားလုံး အတူတူ ဝိုင်းရုန်းကြရင် သိပ်ကောင်းမှာပဲ ဘဝတွေ အသက်တွေ ထပ်ထပ် မဆုံးရှုံးရတော့ဖို့ပေါ့” ဆိုပြီး ပြောလာပါတယ်။

ဒေါက်တာမြဝတ်ရည် ကတော့ ပညာတတ်ဆရာဝန် တစ်ယောက်ဖြစ်ပေမယ့် လက်ရှိမှာ ပြည်ပြေး ဘဝရောက်နေတာကြောင့် သမီးလေးကို ပြည့်ပြည့်စုံစုံ မထားနိုင်တဲ့အကြောင်းကို ရင်ဖွင့်လာခဲ့တာပဲ ဖြစ်ပါတယ်။

Credit;