
Posted on





Credit;

ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားအောင် မနဲ့မောင်စုံတွဲပုံရိပ်လေးနဲ့ အမှန်အကန်Roပြလိုက်တဲ့ သီဟအောင်နဲ့ချယ်ရီသင်း

ပရိသတ်ကြီးရေ သီဟအောင်ဟာဆိုရင် လူကြမ်းသရုပ်ဆောင်ကိုကိုဦးရဲ့သားဖြစ်ပြီး မိဘအမွေကိုဆက်ခံကာ အနုပညာလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းလာတာပဲဖြစ်ပါတယ်။ရုပ်ရည်ချောမောတဲ့အပြင် ဆွဲဆောင်မှုရှိပြီးယောက်ျားပီသတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ပါးစပ်ဖျားမှာရေပန်းစားနေသူဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သီဟအောင်က ချယ်ရီသင်းနဲ့အတူမိုက်စားဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ ချယ်ရီသင်းနဲ့ သီဟအောင်က ပရိသတ်တွေက မနဲ့ မောင် စုံတွဲလေးလို့ ခေါ်ဝေါ်ကြတဲ့အတိုင်း နှစ်ယောက်သားလိုက်ဖက်ညီညီနဲ့ အမိုက်စားပုံရိပ်လေးတွေကို မျှဝေလာခဲ့ပါတယ်။

ချယ်ရီသင်းနဲ့ သီဟအောင်တို့ကတော့ “မ လို့ပဲခေါ်” ဆိုတဲ့ သီချင်းလေးမှာ အတူတူ သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချယ်ရီသင်းနဲ့ သီဟအောင်တို့ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။

Credit;