ဘယ်သူနဲ့မှမတူတဲ့ အံ့သြစရာကောင်းတဲ့ လက်ဖွဲ့ကြီးတစ်ခုကိုရရှိခဲ့လို့ ရယ်ရမလိုငိုရမလိုဖြစ်နေတဲ့ ခေးဆက်သွင်တို့ဇနီးမောင်နှံ

Posted on

ပရိသတ်ကြီးရေမင်းသမီးချောလေးခေးဆက်သွင်ဟာဆိုရင် MRTV-4ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုများစွာရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။အခုဆိုရင် သူမရဲ့ချစ်သူနဲ့ တစ်အိုးတစ်အိမ်ထူထောင်လိုက်ပြီပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂) ရက်နေ့မှာ နှစ်ဖက် မိဘသဘောတူစွာနဲ့ လက်ထပ်ခဲ့ပြီဖြစ်တဲ့ ခေးဆက်သွင်တို့ ချစ်သူနှစ်ဦးဟာ အခုဆိုရင် အိမ်ထောင်သည်တွေ ဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ မင်္ဂလာဇနီးမောင်နှံတွေရဲ့ ထုံးစံအတိုင်း ခေးဆက်သွင်တို့ဟာ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဆီကနေ ရယ်လည်းရယ်ရ၊ ရှက်စရာလည်းကောင်းတဲ့ ခုံကြီးတစ်လုံးကို လက်ဆောင်ရရှိခဲ့ကြောင်းကို ခေးဆက်သွင်ရဲ့ အမျိုးသားက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေလာပါတယ်။

ခေးဆက်သွင် တို့ ဇနီးမောင်နှံကတော့ မင်္ဂလာလက်ဖွဲ့အနေနဲ့ ထူးထူးဆန်းဆန်း လက်ဆောင်ကြီးကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်တို့ ဇနီးမောင်နှံအတွက် ငိုအားထက် ရယ်အားသန်ဖြစ်နေရမယ်ဆိုတာ သေချာပါတယ်။

Credit;