
Posted on





Yuan – Cele Zone

Photo – Khin Zarchi Kyaw

သူမရဲ့သားဖြစ်သူဘုန်းမင်းနေလရဲ့မွေးနေ့မှာ ငယ်စဉ်ကအမှတ်တရပုံရိပ်တွေနဲ့အတူ မွေးနေ့ဆုတောင်းပေးလာတဲ့ ခင်ဇာခြည်ကျော်

အနုပညာလောကမှာ ဆယ်စုနှစ်မက အောင်မြင်ခဲ့တဲ့ ပရိသတ်တွေရဲ့ အချစ်တော် ခင်ဇာခြည်ကျော် ကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ် ။ တစ်ချိန်က ဗီဒီယို ခေတ်မှာလည်း ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးခဲ့တာ ဖြစ်ပြီး ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်။

ဘယ်ဇာတ်ရုပ်ကို မဆို အကောင်းဆုံး ပီပြင်စွာ လုပ်ပြနိုင်ခဲ့တဲ့ ခင်ဇာခြည်ကျော် ကတော့ ယခုချိန်ထိ ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေတာ ဖြစ်ပါတယ်။ အကယ်ဒမီထူးချွန်ဆု ကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားကာ ပရိသတ်တွေရဲ့ အားပေးထာက်ခံမှုကို အခိုင်အမာရရှိ ပိုင်ဆိုင်ထားတဲ့ ဝါရင့် သရုပ်ဆောင်တွေ ထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

အခုမှာတော့ ယနေ့မှာ ကျရောက်တဲ့ သားလေးရဲ့ မွေးနေ့ကို ငယ်စဉ်က ပုံလေးတွေ နဲ့ အတူ ” Happy birthday ပါ မေမေ့ သားကြီး ရေ 😍❤️ အသက် ၂၁ နှစ်ပြည့် မွေး နေ့ မှ စ၍ အသက်ရှည် ကျန်းမာပြီး စိတ် ချမ်းသာ ကိုယ်ကျန်းမာပါစေ..လိုအင်ဆန္ဒတွေ အားလုံးပြည့် ဝ ပါစေသားရေ အနုပညာ မှာလည်းပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါစေ… 😍😘 ” ရေးသားဆုတောင်းပေးထားရာ ပရိသတ်ကြီး အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khin Zarchi Kyaw