စိတ္မေကာင္းစရာေတြအမ်ားႀကီး ၾကံဳေတြ႕ခဲ့ရတဲ့ သူမရဲ႕ဘ၀ႀကီးအေၾကာင္းေတြးရလြန္းလို႕ ညဘက္ဆိုအိပ္မေပ်ာ္ဘူးဆိုတဲ့ ထက္ထက္မိုးဦး

Posted on

စိတ္မေကာင္းစရာေတြအမ်ားႀကီး ၾကံဳေတြ႕ခဲ့ရတဲ့ သူမရဲ႕ဘ၀ႀကီးအေၾကာင္းေတြးရလြန္းလို႕ ညဘက္ဆိုအိပ္မေပ်ာ္ဘူးဆိုတဲ့ ထက္ထက္မိုးဦး

ပရိသတ္ႀကီးေရ မင္းသမီးေခ်ာထက္ထက္မိုးဦးဟာဆိုရင္ ဘ၀မွာစိတ္ဆင္းရဲစရာေတြႀကီးၾကံဳေတြ႕လာခဲ့ရတာျဖစ္ၿပီး အိမ္ေထာင္ေရးကံမေကာင္းခဲ့သူေလးတစ္ေယာက္ျဖစ္ပါတယ္ေနာ္။ ဒီကေန႔မွာလည္း ထက္ထက္မိုးဦးက သူမဘဝအေၾကာင္းကို ျပန္စဥ္းစားမိတိုင္း ညဘက္အိပ္မေပ်ာ္နိုင္တဲ့အထိကိုျဖစ္ရေၾကာင္း အခုလိုပဲ ရင္ဖြင့္လာပါတယ္။

ထက္ထက္မိုးဦးက “ဟိုေတြးဒီေတြးနဲ႔အိပ္မေပၽွာ္ပဲမိုးလင္းသြားၿပီ😔စိတ္မေကာင္းစရာေတြေကာ ေက်နပ္စရာေတြေကာ ဝမ္းနည္းစရာေတြေကာရီခ်င္စရာေတြေကာလုံးေထြးလို႔အေတြးေတြကေၾကာက္စရာပါလားေနာ္ စိတ္မေကာင္းစရာကေတာ့ကိုယ္ကဘယ္ေလာက္ပဲႀကိဳးစားႀကိဳးစားအဆင္ေျပတဲ့ခါရွိမယ္မေျပတဲ့ခါရွိမယ္ဒါကိုတစ္ဖက္ကနားလည္ေစခ်င္တယ္ဒါကိုကိုယ့္ဘက္သူ႔ဘက္နားလည္ေစခ်င္မိတယ္စိတ္ထဲကျဖစ္မိတာပါ ေက်နပ္စရာကေတာ့ေအာင္ျမင္ခဲ့တယ္အေကာင္းဆုံးလုပ္ေပးနိုင္ခဲ့လို႔ပဲ ဝမ္းနည္းစရာကကိုယ္မၾကဳံခ်င္ရတဲ့အျဖစ္ ရီခ်င္စရာကငိုရလြန္းတဲ့ကိုယ့္အျဖစ္စိတ္ညစ္တယ္ေတာ္ၿပီသတိေလးထားၿပီးတရားျပန္မွတ္ေနမွရေတာ့မယ္😬 မိုးလဲလင္းသြားၿပီ 🙏” ဆိုၿပီး ေျပာျပလာခဲ့ပါတယ္။

ထက္ထက္မိုးဦးကေတာ့ စိတ္မေကာင္းစရာေတြကို ေတြးမိလြန္းလို႔ ညဘက္အိပ္လို႔မေပ်ာ္နိုင္ပဲ ဟိုေတြးဒီေတြးနဲ႔ မိုးလင္းသြားရေၾကာင္း ရင္ဖြင့္လာတာပဲ ျဖစ္ပါတယ္။ ထက္ထက္တစ္ေယာက္ အဆင္မေျပမႈေတြကို ေက်ာ္လႊားနိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit;

စိတ်မကောင်းစရာတွေအများကြီး ကြုံတွေ့ခဲ့ရတဲ့ သူမရဲ့ဘဝကြီးအကြောင်းတွေးရလွန်းလို့ ညဘက်ဆိုအိပ်မပျော်ဘူးဆိုတဲ့ ထက်ထက်မိုးဦး

ပရိသတ်ကြီးရေ မင်းသမီးချောထက်ထက်မိုးဦးဟာဆိုရင် ဘဝမှာစိတ်ဆင်းရဲစရာတွေကြီးကြုံတွေ့လာခဲ့ရတာဖြစ်ပြီး အိမ်ထောင်ရေးကံမကောင်းခဲ့သူလေးတစ်ယောက်ဖြစ်ပါတယ်နော်။ ဒီကနေ့မှာလည်း ထက်ထက်မိုးဦးက သူမဘဝအကြောင်းကို ပြန်စဉ်းစားမိတိုင်း ညဘက်အိပ်မပျော်နိုင်တဲ့အထိကိုဖြစ်ရကြောင်း အခုလိုပဲ ရင်ဖွင့်လာပါတယ်။

ထက်ထက်မိုးဦးက “ဟိုတွေးဒီတွေးနဲ့အိပ်မပျှော်ပဲမိုးလင်းသွားပြီ😔စိတ်မကောင်းစရာတွေကော ကျေနပ်စရာတွေကော ဝမ်းနည်းစရာတွေကောရီချင်စရာတွေကောလုံးထွေးလို့အတွေးတွေကကြောက်စရာပါလားနော် စိတ်မကောင်းစရာကတော့ကိုယ်ကဘယ်လောက်ပဲကြိုးစားကြိုးစားအဆင်ပြေတဲ့ခါရှိမယ်မပြေတဲ့ခါရှိမယ်ဒါကိုတစ်ဖက်ကနားလည်စေချင်တယ်ဒါကိုကိုယ့်ဘက်သူ့ဘက်နားလည်စေချင်မိတယ်စိတ်ထဲကဖြစ်မိတာပါ ကျေနပ်စရာကတော့အောင်မြင်ခဲ့တယ်အကောင်းဆုံးလုပ်ပေးနိုင်ခဲ့လို့ပဲ ဝမ်းနည်းစရာကကိုယ်မကြုံချင်ရတဲ့အဖြစ် ရီချင်စရာကငိုရလွန်းတဲ့ကိုယ့်အဖြစ်စိတ်ညစ်တယ်တော်ပြီသတိလေးထားပြီးတရားပြန်မှတ်နေမှရတော့မယ်😬 မိုးလဲလင်းသွားပြီ 🙏” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

ထက်ထက်မိုးဦးကတော့ စိတ်မကောင်းစရာတွေကို တွေးမိလွန်းလို့ ညဘက်အိပ်လို့မပျော်နိုင်ပဲ ဟိုတွေးဒီတွေးနဲ့ မိုးလင်းသွားရကြောင်း ရင်ဖွင့်လာတာပဲ ဖြစ်ပါတယ်။ ထက်ထက်တစ်ယောက် အဆင်မပြေမှုတွေကို ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit;