ခြေထောက်တစ်ဖက်စီ မရှိကြတော့တဲ့ ဇနီးမောင်နှံမိသားစု စားဝတ်နေရေး အခက်အခဲဖြစ်

Posted on

ဖော်ပြပါမိသားစုက လိူင်သာယာ စက်မူ့ဇုံ ၅ ဘေးမှာ တဲထိုးနေတာပါ။ ၂ ဦးစလုံးက ခြေထောက်တစ်ဖက်စီ မရှိတော့တဲ့သူတွေပါ။ နှစ်ဦးစလုံးကလည်း ဒုက္ခတ ဖြစ်နေသလို သားသမီးတွေလည်း များတာမို့ လတ်တလော စားဝတ်နေရေးအတော်လေး ခက်ခဲနေတဲ့အကြောင်း လူမှုကွန်ယက်ကနေတဆင့် အကူအညီတောင်းခံလာခဲ့ကြပါတယ်။ လှူဒါန်းလိုပါက ပြည်သူတစ်ဦးမှ နေရာလိုက်ပြပေးမယ်လို့သိရပါတယ်။ နေရာလိုက်ပြပေးမဲ့ ပြည်သူတစ်ဦးရဲ့ ဖုန်း- 09267931479

အလုပ်အကိုင်တွေလည်းရှားပါးတာကြောင့် ယခင်ကတည်းက မပြေလည်တဲ့ဘဝတွေဟာ တစ်နေ့တခြား ပိုပိုပြီးဆိုးဝါးလာခဲ့တာ စိတ်မကောင်းစရာပါ။ ဒီလိုကာလမှာ ဒီလိုကျပ်တည်းတဲ့ဘဝတွေရဲ့ အခက်အခဲတွေကို ပြည်သူအချင်းချင်း လက်တွဲကူရင်းနဲ့ပဲ ဖြည်းဆည်းပေးကြရမှာပါ။ ဆင်းရဲတာကြောင့် ဗဟုသုတမရှိဘဲ ကလေးတွေအများကြီးမွေး မိရင်းကနေ ပိုပြီးဒုက္ခတွင်းနက်နေကြတဲ့ သနားစရာမိသားစုတွေ ထုနဲ့ဒေးပါပဲ။

စက်မှုဇုံရဲ့ဘေးမှာ တဲလေးထိုးပြီး ဖြစ်သလိုနေရတဲ့ဇနီးမောင်နှံနှစ်ယောက်ဟာ ကိုယ်တိုင်ရဲ့ ဝမ်းရေးထက် ကလေးတွေရဲ့ဝမ်းရေးကိုပိုပြီး အလေးထားတာကြောင့် အခုလိုအကူအညီ တောင်းကြပုံပါပဲ။ နှစ်ယောက်လုံး ကလည်း အလုပ်အကိုင် တစ်ခုကို လျင်လျင်မြန်မြန်လုပ်ကိုင်နိုင်ဖို့ မစွမ်းသာတာကြောင့် အဆင်ပြေသလို ဖြတ်သန်းနေရတဲ့ပုံပါ။ အခုလိုကာလကြီးမှာ အဖက်ဖက် ကခက်ခဲနေကြတာကြောင့် ပြည်သူတွေကို ပြည်သူတွေကပဲ ကူညီလှူဒါန်းပေးကြဖို့ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

Zawgyi Version

ေဖာ္ျပပါမိသားစုက လိူင္သာယာ စက္မူ႔ဇုံ ၅ ေဘးမွာ တဲထိုးေနတာပါ။ ၂ ဦးစလုံးက ေျခေထာက္တစ္ဖက္စီ မရွိေတာ့တဲ့သူေတြပါ။ ႏွစ္ဦးစလုံးကလည္း ဒုကၡတ ျဖစ္ေနသလို သားသမီးေတြလည္း မ်ားတာမို႔ လတ္တေလာ စားဝတ္ေနေရးအေတာ္ေလး ခက္ခဲေနတဲ့အေၾကာင္း လူမႈကြန္ယက္ကေနတဆင့္ အကူအညီေတာင္းခံလာခဲ့ၾကပါတယ္။ လႉဒါန္းလိုပါက ျပည္သူတစ္ဦးမွ ေနရာလိုက္ျပေပးမယ္လို႔သိရပါတယ္။ ေနရာလိုက္ျပေပးမဲ့ ျပည္သူတစ္ဦးရဲ့ ဖုန္း- 09267931479

အလုပ္အကိုင္ေတြလည္းရွားပါးတာေၾကာင့္ ယခင္ကတည္းက မေျပလည္တဲ့ဘဝေတြဟာ တစ္ေန႔တျခား ပိုပိုၿပီးဆိုးဝါးလာခဲ့တာ စိတ္မေကာင္းစရာပါ။ ဒီလိုကာလမွာ ဒီလိုက်ပ္တည္းတဲ့ဘဝေတြရဲ့ အခက္အခဲေတြကို ျပည္သူအခ်င္းခ်င္း လက္တြဲကူရင္းနဲ႔ပဲ ျဖည္းဆည္းေပးၾကရမွာပါ။ ဆင္းရဲတာေၾကာင့္ ဗဟုသုတမရွိဘဲ ကေလးေတြအမ်ားႀကီးေမြး မိရင္းကေန ပိုၿပီးဒုကၡတြင္းနက္ေနၾကတဲ့ သနားစရာမိသားစုေတြ ထုနဲ႔ေဒးပါပဲ။

စက္မႈဇုံရဲ့ေဘးမွာ တဲေလးထိုးၿပီး ျဖစ္သလိုေနရတဲ့ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ ကိုယ္တိုင္ရဲ့ ဝမ္းေရးထက္ ကေလးေတြရဲ့ဝမ္းေရးကိုပိုၿပီး အေလးထားတာေၾကာင့္ အခုလိုအကူအညီ ေတာင္းၾကပုံပါပဲ။ ႏွစ္ေယာက္လုံး ကလည္း အလုပ္အကိုင္ တစ္ခုကို လ်င္လ်င္ျမန္ျမန္လုပ္ကိုင္နိုင္ဖို႔ မစြမ္းသာတာေၾကာင့္ အဆင္ေျပသလို ျဖတ္သန္းေနရတဲ့ပုံပါ။ အခုလိုကာလႀကီးမွာ အဖက္ဖက္ ကခက္ခဲေနၾကတာေၾကာင့္ ျပည္သူေတြကို ျပည္သူေတြကပဲ ကူညီလႉဒါန္းေပးၾကဖို႔ရည္ရြယ္ၿပီး ေဖာ္ျပေပးလိုက္ပါတယ္။

Photo Credit – 36 Myanmar Channel’s FB Acc