
Posted on





Credit;

ချစ်ရတဲ့မိခင်ဖြစ်သူရဲ့မွေးနေ့လေးကို ဘယ်သူနဲ့မှမတူပဲရိုးရှင်းစွာဖြတ်သန်းခဲ့ကြောင်း ပုံနှင့်တကွပြသလာတဲ့ မင်းသမီးအိချောပို

ပရိသတ်ကြီးရေမင်းသမီးအိချောပိုဟာဆိုရင် ဂစ်တာရှိတ်ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားပြီး ပုရိသတို့အသဲစွဲဖြစ်နေတဲ့မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်နော်။အိချောပိုက ဗီဒီယိုဇာတ်ကားတွေကနေ နာမည်ကြီးလာခဲ့ပြီး အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ထင်ရှားကျော်ကြားတဲ့ မင်းသမီးတစ်လက်ဖြစ်လို့ နေပြီပဲ ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၃) ရက်နေ့ကတော့ အိချောပို မေမေရဲ့ မွေးနေ့လေးဖြစ်ပြီး အိချောပိုက သူမမေမေရဲ့ မွေးနေ့လေးကို ရိုးရိုးရှင်းရှင်းနဲ့ ပျော်ရွှင်ဖွယ်ဖြစ်အောင် ဖန်တီးပေးခဲ့ပါတယ်။ အိချောပိုက မွေးနေ့ရှင်မေမေ့ရဲ့ မွေးနေ့လေးကို မိသားစုလိုက် အပြင်မှာ ညစာစားခဲ့ပြီး မေမေ့အတွက် မွေးနေ့ကိတ် ပန်းစည်းလေးတွေနဲ့ “Happy Birthday Mommy 🎂😍🎉🎁” ဆိုပြီး ရိုးရိုးရှင်းရှင်းလေး မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

အိချောပိုကတော့ သူမရဲ့မေမေအတွက် နှစ်စဉ်နှစ်တိုင်းလိုလို မောင်နှမတွေစုပြီး မွေးနေ့ပွဲလေး စီစဉ်ပေးသလို ယခုနှစ်မှာလည်း မမေ့မလျော့ပဲ ပြင်ဆင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အိချောပိုတို့ မိသားစုလေး အခုလိုပဲ အမြဲတမ်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit;