
Posted on





Source – So Pyay Myint
Credit – CeleZone

ဒီနေ့မှာပဲချစ်ရတဲ့ ချစ်သူလေးနဲ့ နှစ်ယောက်တစ်ဘဝလေးကိုတည်ဆောက်လိုက်ပြီဖြစ်တဲ့ သရုပ်ဆောင်ခေးဆက်သွင်

ပရိသတ်ကြီးရေ ခေးဆက်သွင် ကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှ ာပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ မကြာသေးခင်အချိန်က သူ့ရဲ့ချစ်သူလေးနဲ့ရွှေလက်တွဲတော့မယ့် အကြောင်းပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

လိုက်ဖက်ညီလွန်းလှတာကြောင့် ခေးတို့ စုံတွဲလေးကို ပရိသတ်တွေကတောင် သဘောတူနေခဲ့ကြရပါသေးတယ်။ ဒီနေ့မှာတော့ ခေးက သူ့ရဲ့ချစ်သူလေးနဲ့ ရွှေလက်တွဲမင်္ဂလာပွဲလေးပြုလုပ်ခဲ့ပြီး ခေးရဲ့ အချစ်ဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ စိုပြေမြင့်ကတော့ ခေးတို့ရဲ့ ရွှေလက်တွဲမင်္ဂလာပွဲလေးကို ဂုဏ်ပြုထားခဲ့ပါတယ်။

စိုပြေမြင့်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “အရမ်းပျော်ရတဲ့နေ့လေး C & K congratulations” ဆိုပြီး ရေးသားဂုဏ်ပြုထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ခေးတို့ စုံတွဲလေးအတွက် မင်္ဂလာဆုတောင်းစကားလေးတွေဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – So Pyay Myint
Credit – CeleZone