
Posted on






Credit

တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကို သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာကျင်းပမယ်ဆိုတဲ့အကြောင်း ဖွင့်ဟလာတဲ့ အေသင်ချိုဆွေ

ပရိသတ်ကြီးရေ အေသင်ချိုဆွေ ကတော့ ဆယ်ကျော်သက်အရွယ် ကတည်းကအဆိုကျော် တစ်ယောက်ဖြစ်ခဲ့ပြီးအနုပညာလောကမှာနာမည်ရကျော်ကြားခဲ့သူပါ။အဆိုအပိုင်းအပြင် သရုပ်ဆောင်ဘက်မှာလည်း ပါရမီပါသူ တစ်ယောက်ပါ။လက်ရှိ အချိန်မှာSingleMotherတစ်ယောက်အနေနဲ့ သမီးဘေးIvyကို အဖေလိုတမျိုးအမေလိုတမျိုး တသ်ယောက်တည်းပြုစုစောင့်ရှောက်နေတာပါ။ အေသင်ချိုဆွေတို့ သားအမိက အခုဆိုရင် သြစတေးလျနိုင်ငံမှာ နေထိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အေသင်ချိုဆွေက သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြုလုပ်မယ့် သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် “Hello December 💖💖 အခုလာမယ့် December 16 2022 (Friday) မှာ Melbourne မှာ ပြုလုပ်မယ့် အေသင်ရဲ့ Music show လေးကို လာရောက်ဖို့ Melbourne မှာရှိတဲ့ မြန်မာပရိသတ်များ၊ ချစ်မိတ်ဆွေများကို ဖိတ်ခေါ်ပါရစေ။ Australia 🇦🇺 ရောက်ပြီးမှ ပထမဦးဆုံး ပြုလုပ်ကျင်းပတဲ့ ပွဲလေးဖြစ်ပါတယ်။ အသေးစိတ်သိချင်ရင် အောက်ပါ ဖုန်းနံပါတ်များမှာ စုံစမ်းနိုင်ပါတယ်ရှင့်။ Ticket Price- $55 , $45 , $35 – 0451004848, 0406015429, 0466657524, 0410785312 (Athen Cho Swe)

Date – 16.12.2022 (Friday) Time- 5:30 – 8:30 Location- 124 Drummond St, Oakleigh VIC”ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာတာပဲ ဖြစ်ပါတယ်။အေသင်ချိုဆွေကတော့ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့ မှာ ပထမဦးဆုံးအကြိမ် တစ်ကိုယ်တော်ရှိုးပွဲပြုလုပ်မှာပဲ ဖြစ်ပါတယ်။ အေသင့်ရဲ့ရှိုးပွဲလေးလည်း အထမြောက်အောင်မြင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။

Source: Athen Cho Swe ‘s fb

Credit