အင်္ကျီဆင်တူလေးဝတ်ပြီး ညီအစ်မတွေလိုလှပနေတဲ့ မေပန်းချီနဲ့မျိုးစန္ဒီကျော်တို့ရဲ့ပုံရိပ်များ

Posted on

အင်္ကျီဆင်တူလေးဝတ်ပြီး ညီအစ်မတွေလိုလှပနေတဲ့ မေပန်းချီနဲ့မျိုးစန္ဒီကျော်တို့ရဲ့ပုံရိပ်များ




Credit;

အကျႌဆင်တူလေးဝတ်ပြီး ညီအစ်မတွေလိုလှပနေတဲ့ မေပန်းချီနဲ့မျိုးစန္ဒီကျော်တို့ရဲ့ပုံရိပ်များ

ပရိသတ်ကြီးရေ မင်းသမီးချောလေးမေပန်းချီဟာဆိုရင် လှပကျစ်လစ်ပြီး မြင်သူတိုင်းသဘောကျလောက်တဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။အခုဆိုရင်Live Saleတွေကိုရောင်းချရင်းဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူတစ်ယောက်ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၃၀) ရက်နေ့မှာတော့ မေပန်းချီက အနုပညာလောကထဲက သူမရဲ့စီနီယာတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်နဲ့အတူတူ ရတနာဆိုင်တစ်ခုအတွက် Live Sale ရောင်းချပေးခဲ့ပါတယ်။ မေပန်းချီနဲ့ မျိုးစန္ဒီကျော်တို့က အင်္ကျီဆင်တူ လုံခြည်ဆင်တူလေးကိုဝတ်ဆင်ပြီး အလုံးအရပ်ချင်းကလည်း မတိမ်းမယိမ်းရှိတာမို့ ပရိသတ်တွေက တကယ့်ညီအစ်မအရင်းတွေလို့တောင် ထင်ရတယ်လို့ မှတ်ချက်ချနေတာပဲ ဖြစ်ပါတယ်။

မေပန်းချီနဲ့ မျိုးစန္ဒီကျော်တို့ကတော့ အင်္ကျီဆင်တူ လုံခြည်ဆင်တူလေးဝတ်ပြီး အရမ်းကို ကျက်သရေရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေပန်းချီနဲ့ မျိုးစန္ဒီကျော်တို့ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။

Credit;