စားဝတ်နေရေး ကျပ်တည်းလာလို့ အကင်ဆိုင်လေးဖွင့်ပြီး ဝမ်းရေးကိုဖြေရှင်းနေရတဲ့ ဒါရိုက်တာဟိန်းစိုး

Posted on

ဦးဟိန်းစိုးက နာမည်ကြီး ဇာတ်ညွန်း/ ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။သူက ဒါရိုက်တာအလုပ်ကို (1994)ခု နှစ်လောက်က စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲနှစ်ကနေ ခုချိန်ထိ ရုပ်ရှင် ဗီဒီယိုကားပေါင်း(800)လောက်တော့ရှိနေပြီလို့လဲ သိရပါတယ်။

နာမည်ကြီးရုပ်ရှင်ဇာတ်ကားများကို ရိုက်ခဲ့တဲ့ သူလဲဖစ်ပါတယ်။အဲရုပ်ရှင် ဇာတ်ကားကြီးထဲမှာ ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားကြီးကလဲ ဝက်ဝက်ကွဲအောင်မြင်ခဲ့တာပါ။ “မမှီဝဲနဲ့ကင်းအောင်နေ”ဇာတ်ကားက သူရိုက်ခဲ့တဲ့နောက်ဆုံးဇာတ် ကားဖြစ်ပါတယ်။

ဦးစိုးဟိန်းက ဒါရိုက်တာ တစ်ယောက်ဖြစ်ပေမယ့် ချမ်းသာတဲ့သူတော့မဟုတ်ခဲ့ပါဘူး။အိမ်ပိုင်ဝိုင်းပိုင်နေခဲ့ရတာ မဟုတ်ဘဲ ငှားရမ်းနေခဲ့ရတာပါ။ အခုဆိုစုဆောင်းမိထားတာလဲမရှိတော့မိသားစု စားဝတ်နေရေးအတွက် လမ်းဘေးဆိုင်ဖွင့်ပြီး အကင်ကြော်ရောင်းနေရပါ လို့ 8day Mediaတစ်ခုမှာပြောပြခဲ့တာကို တဆင့်မျှဝေပေး လိုက်ရပါတယ်နော်။

ဆိုင်လေးက သပ်သပ်ရပ်ရပ်နဲ့ စားချင်စဖွယ်လေးမို့လို့ ပရိသတ်ကြီးလည်း လမ်းကြုံရင် သူ့ရဲ့အကင်ဆိုင်လေးမှာ အားပေးလိုက်ကြပါအုံးနော်။

Video ကြည့်ရန်

Crd video 8days

Zawgyi Version





Crd video 8days